ကလေး PDF ဆေးတပ်သား ၉ ဦးကို ထောင် ၁၂ နှစ်စီချခံရ

ကလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဆေးတပ်သား အမျိုးသမီး ၉ ဦးကို စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင်း တရားရုံးက အောက်တိုဘာလအတွင်း ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုကပြောသည်။

နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅−က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်များဖြင့် ထောင်ဒ်များ ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ပုဒ်မက ၅၀၅−က ရယ် ၊အကြမ်းဖက်မှုပုဒ်မတွေနဲ့ တရားစွဲခံရတာလို့သိရတယ်။ အဲ့ဒီအမှုတွေအားလုံးပေါင်းပြီး တစ်ယောက် ၁၂နှစ်စီ ချလိုက်တာ” ဟု ကလေးမြို့အကျဉ်းထောင်နှင့် နီးစပ်သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဘက်ရှိ PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်စီးပြီး အသက် ၂၀ မှ ၂၈ နှစ်ကြားရှိ မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊ မညောင်ဒွ့န့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီး၊ မလားလ်ပျန်းဖဲလ်အီးတို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

Zalen ad

ယင်းတို့ ၉ ဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးPDF တပ်ဖွဲ့တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူများဟု PDF ကလေးတပ်ဖွဲ့ဝင်များက အတည်ပြုသည်။လက်ရှိတွင် ကျန်းမာရေးကောင်းမွန်ပြီး၊ မိသားစုဝင်များမှာ ကလေးမြို့ပေါ် လုံခြုံရေးအခြေအနေကြောင့် ထောင်ဝင်စာပို့ရန် အခက်ခဲကြုံနေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

“ထောင်သွားဖို့ကမလွယ်ဘူး၊ စစ်တပ်စစ်ဆေးရေး ဂိတ်တွေက ဆိုင်ကယ်နဲ့သွားရင် အတင်းစစ်ဆေးတာ၊ အခုကသွားလို့ကို မရတော့ဘူး” ဟု ထိန်းသိမ်းခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ ၂၀၂၂ နိုဝင်ဘာ ၁၆ တွင် ကလေးမြို့အနောက်တောင်ဘက်ရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက် စီးနင်းရာ ၃ ဦး အသတ်ခံရပြီး ထို ၉ ဦး သုံ့ပန်းဖြစ်သွားခြင်း ဖြစ်သည်။

ကိုဗစ်ကာလ အစောပိုင်းကတည်းက နိုင်ငံအနှံ့အပြားရှိ ထောင်များ၊ အချုပ်ခန်းများကို ဧည့်တွေ့ခွင့် ပိတ်ပင်ထားသောကြောင့် မည်သည့်အကျဉ်းသားမျှ မိသားစုဝင်နှင့် တွေ့ခွင့်မရပေ။

အစားအသောက်၊ အသုံးအဆောင်ပစ္စည်းများ ပို့ခွင့်ကိုမူ ဆက်လက် ခွင့်ပြုထားသည်။၂၀၂၁ ဖေဖော်ဝါရီ ၁ အာဏာသိမ်းသည့်နေ့မှစပြီး စစ်တပ်က ဒေသအသီးသီးတွင် အရပ်သားများ၊အာဏာသိမ်းမှုဆန့်ကျင်သူဟု စွပ်စွဲခံရသူများကို နေ့စဉ် ဖမ်းဆီးနေသည်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်