စစ်ပွဲအတွင်း ယူကရိန်းစစ်သားပေါင်း ၁၃၀၀၀ ခန့်သေဆုံးဟုဆို

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီး ၉ လ အကြာမှာတော့ ယူကရိန်းစစ်သားပေါင်း ၁၃,၀၀၀ ခန့်သေဆုံးပြီးဟု ကီဗက်မြို့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယူကရိန်းသမ္မတဇယ်လန်စကီး၏ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ မိုင်ခိုင်လိုပိုဒိုလီယပ်ဟာ ဩဂုတ်လနောက်ပိုင်း သေဆုံးသွားသော စစ်သားများအရေအတွက်စာရင်း ထုတ်ပြန်ချက်အရ စစ်သားပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်ကြောင်း ဆိုပါတယ်။

“အထွေထွေဝန်ထမ်းကနေစပြီး တရားဝင် သေဆုံးသူများစာရင်းရှိပါတယ်။ ထိပ်တန်းအရာရှိများရဲ့ စာရင်များလည်းရှိပြီး အရေအတွက်ဟာ ၁၀၀၀၀ ကနေ ၁၂၅၀၀ အကြားရှိပြီး သေဆုံးသူဦးရေဟာ ၁၃၀၀၀ ခန့်ရှိတယ်” ဟု မိုဒိုလီယပ်က Channel ၂၄ တီဗီတွင် ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

“သေဆုံးသူများရဲ့ စာရင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပါပဲ” ဟု ဆက်ပြောပြီး ဒဏ်ရာရရှိသော စစ်သားများအရေအတွက်ဟာ သေဆုံးသွားသော စစ်သားများထက် ပိုများကြောင်း ဆိုပါတယ်။

Zalen ad

2022-12-03 15_39_32-2022-12-01T190459Z_335626281_RC20XX9JLP6I_RTRMADP_3_UKRAINE-CRISIS-EAST.webp (77

သို့သော်လည်း ဒီပမာဏကို ယူကရိန်းစစ်တပ်ကတော့ အတည်ပြုထားခြင်း မရှိသေးပါဘူး။ အချိန်တန်လျှင် သမ္မတဇယ်လန်စကီးက အရေအတွက်မှန်ကို ထုတ်ပြန်ပေးလိမ့်မယ်ဟုလည်း ပြောခဲ့ပါတယ်။
ခုတော့ ဆောင်းရာသီဝင်လာပြီဖြစ်သောကြောင့် ပြင်းထန်သော စစ်ဆင်ရေးများဟာ ဒိုးညှက်စ်ဒေသအရှေ့ပိုင်းတွင် အများစု ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့လတွင် အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ခန့်မှန်းချက်အရ ဒီစစ်ပွဲတွင် ရုရှားစစ်သားပေါင်း ၁ သိန်းကျော်သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းနဲ့ ကြုံခဲ့ရကြောင်း၊ တစ်ချိန်တည်းမှာပဲ ယူကရိန်းစစ်သားများကလည်း ဆင်တူသော ဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရကြောင်း ဆိုပါတယ်။

သို့သော်လည်း ရုရှားနှင့် ယူကရိန်းနှစ်ဖက်လုံးဟာ စစ်သားများ၏ စိတ်ဓာတ်ကို မကျစေလိုသောကြောင့် သေဆုံးသွားသော စစ်သားများအရေအတွက်အမှန်ကို ပြောကြားခြင်းမရှိကြောင်း သံသယရှိနေကြပါတယ်။ စစ်ပွဲကြောင့် ထောင်နဲ့ချီသော ယူကရိန်းပြည်သူများလည်း သေဆုံးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်