တီးတိန်မြို့နယ်မှာ အမျိုးသမီးတစ်ဦးကို အသက်မပြည့်တဲ့ လူငယ်က အဓမ္မကျင့်ကာ သတ်ဖြတ်

တီးတိန်မြို့နယ်မှာ အသက် (၂၀) အရွယ်အမျိုးသမီးကို အသက်မပြည့်သေးတဲ့ (၁၇) နှစ်အရွယ် လူငယ်က ဖြားယောင်းခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ကာ သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်(Kateel)ကျေးရွာမှာ နေထိုင်သော မဟွိုင်ခပ်(Huaikhek) ၂၀ နှစ်ဟာ ဖခင်နဲ့အတူ ဒီဇင်ဘာ(၂)ရက်၊ ည (၈)နာရီခန့်က မီးလှုံနေတာလို့ ဆိုပါတယ်။

သားအဖနှစ်ယောက် မီးလှုံနေကြစဉ် တစ်ရွာတည်းနေ မန်ရှန်ထန်(Man Sian Thang) ၁၇ နှစ်ဆိုသူက ဈေးဆိုင်သွားမလို့ အဖော်လိုက်ခဲ့ဦးလို့ မဟွိုင်ခပ်(Huaikhek) ကို ခေါ်တဲ့အတွက် လိုက်သွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒါပေမယ့် မဟွိုင်ခပ်(Huaikhek) မှာ အဲဒီညအိမ်ပြန်မလာတော့ဘဲ ဒီဇင်ဘာ(၃)ရက်၊ မနက်ပိုင်းက ရွာထိပ် တောတစ်နေရာမှာ အဝတ်အစားမဲ့အပြင် ခန္ဓာကိုယ်တွေမှာလည်း ဒဏ်ရာအပြည့်နဲ့ သေဆုံးနေတဲ့ မဟွိုင်ခပ်အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

Zalen ad

သူမကို အဖော်လိုက်ခေါ်တဲ့ မန်ရှန်ထန်(Man Sian Thang)မှာလည်း ပျောက်ဆုံးနေပြီး စုံစမ်းချက်အရ အိန္ဒိယပြည်၊ မီဇိုရမ်ဘက်ကို ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မန်ရှန်ထန်(Man Sian Thang)မှာ အရင်က မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲမှုနဲ့ အချုပ်မကြာခဏကျခံဖူးသူဖြစ်ပြီး အသက်အပြည့်သေးတာကြောင့် ပြန်လွှတ်ပေးခံရသူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာ ၎င်းက မဟွိုင်ခပ်(Huaikhek) ကို အဓမ္မပြုကျင့်သတ်ဖြတ်ပြီး တိမ်းရှောင်သွားတယ်လို့ ယူဆရတဲ့အတွက် မီဇိုရမ်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ အဖွဲ့အစည်းတွေအားလုံးက စုံစမ်းဖော်ထုတ်ပေးဖို့ ချင်းလူငယ်အဖွဲ့က တောင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်