အင်ဒိုနီးရှားမှာ လက်မထပ်ခင် လိင်ဆက်ဆံပါက ထောင်တစ်နှစ်၊ ဒီ ဥပဒေသစ်ကြောင့်နိုင်ငံစီးပွားထိခိုက်မှာစိုးရိမ်ကြ

အင်ဒိုနီးရှားလွှတ်တော်ဟာ ဒီဇင်ဘာ ၆ ရက်နေ့မှာ လက်ထပ်ခြင်းမရှိပဲ လိင်ဆက်ဆံခြင်းကို တားမြစ်သော ဥပဒေတစ်ရပ်ကို အတည်ပြုလိုက်ပါတယ်။ ထိုဥပဒေကို ချိုးဖောက်ပါက ထောင်တစ်နှစ်အထိ ကျနိုင်မည်ဖြစ်ပါတယ်။ တစ်ချို့ကတော့ ဒီဥပဒေကြောင့် ခရီးသွားများ လာရောက်မှု နည်းပါးစေနိုင်ကာ ရင်းနှီးမြှုပ်နှံမှုကိုလည်း ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒီဥပဒေအသစ်ဟာ အင်ဒိုနီးရှားနိုင်ငံသားအပြင် နိုင်ငံခြားသားများအတွက်လည်းအကျုံးဝင်မည်ဖြစ်ပြီး တရားဝင်လက်ထပ်ထားခြင်း မရှိသော အတွဲများလည်း လိင်ဆက်ဆံခွင့် တားမြစ်ထားမည်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သမ္မတ၏ ဂုဏ်သိက္ခာကို ထိပါးခြင်း သို့မဟုတ် အစိုးရကို မလေးမစားလုပ်ခြင်းတို့ကိုလည်း ပိတ်ပင်ထားပြီး အစိုးရကို ဆန့်ကျင်သော ဝါဒများ ဖြန့်ခြင်း နှင့် ခွင့်ပြုချက်မရှိပဲ အန္ဒပြခြင်းတို့ကိုလည်း တားမြစ်ထားပါတယ်။

ဒီဥပဒေကို နိုင်ငံရေးပါတီတိုင်း၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဒီဥပဒေကို ဘယ်လို အသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီူ စည်းကမ်းများကို သတ်မှတ်ခြင်းမရှိခင်အထိ ၃ နှစ်အတွင်း အကျုံးဝင်အုံးမည်မဟုတ်ပါဘူး။

လက်ရှိအချိန်တွင် အင်ဒိုနီးရှားနိုင်ငံဟာ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို တားမြစ်ထားသော်လည်း အိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းကို တားမြစ်ခြင်းမရှိသေးပါဘူး။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်