မိုးရာသီတွင် စပါးပိုးကျတဲ့အတွက် ကလေးမြို့နယ်တောင်သူများ စပါး ထွက်နှုန်းနည်း

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို.နယ်မှာ စပါးထွက်ရာသီတွင် ပိုးကျတဲ့အတွက် မနှစ်ကထက် စပါး ထွက်နှုန်း လျှော့သွားတယ် လို့ ဒေသခံ တောင်သူများထံမှ သိရပါတယ်။

“မနှစ်တုန်း ကတော့ ပိုးတွေ အဲ့လောက်ထိ မကျသေးဘူး။ ဒီနှစ်မှ ပိုးကျတာများတယ်။ မနှစ်က ထက်စာရင် စပါးတင်း ၇၀ လောက်ရှုံးတယ်။ ဒီလို ဆိုရင် အရှုံးနဲ့ဘဲ အလုပ် လုပ်ရတောမှာပေါ” လို့ တောင်သူတစ်ဦး ကပြောပါတယ်။

အဆိုပါတောင်သူဟာ လယ် ၅ ဧကနဲ့ အလုပ်လုပ်နေပြီး ပြီးခဲ့တဲ့ နှစ်က စပါး တင်း ၅၀၀ နီးပါး ထွက်ရာကနေ ဒီနှစ်ဆိုရင် တင်း ၄၀၀ ကျော်သာ ထွက်ကြောင်း ဆက်ပြောတယ်။

စပါးပိုး အမျိုးအစား ၂ မျိုးရှိပြီး တစ်မျိုးမှာ ဒေသ အခေါ် ဘန်ခါး (Vankha) လို့သိရပြီး နောက်တမျိုး ရေပိုး လိုပုံစံ ဖြစ်ကြောင်း သိရတယ်။

Zalen ad

ပိုးထိတဲ့ စပါးပင်များမှာ အဝါရောင်အဖြစ် ပြောင်းသွားပြီး အမြစ်ကနေ စပြီး သေသွားကြောင်း တောင်သူတစ်ဦးကပြောတယ်။

အခုနှစ်မှာ စပါးပိုးကျတဲ့အပြင် ဓာတ်မြေသြဇာ ဈေးနှုန်းများလည်း အဆမတန် ဈေးတက်သောကြောင့် စပါး စိုက်ပျိုးရာမှာ အရင်နှစ်ထက်တွေ ထက်ပိုရှုံးတယ်လို့ ပြောပါတယ်။ ပိုးကျတဲ့စပါးများကို ဓါတ်မြေသြဇာ ပိုပေးရကြောင်းသိရတယ်။

တောင်သူတွေအေသုံးများသော ပုလဲ ဓာတ်မြေသြဇာ ဆိုရင် တစ်အိတ်မှာ ကျပ် ကိုးသောင်းခွဲအထိ ဈေးနှုန်း တက် သောကြောင့် စပါး စိုက်ရာမှာ အရှုံး ပေါ်နေတယ်လို့ ဒေသခံ များကလည်း ပြောဆိုပါတယ်။ အရင်နှစ်က ပုလဲဓာတ်မြေသြဇာ တစ်အိတ် ငါးသောင်းကျပ်နဲ့ဝယ်ယူကြပါတယ်။

ကလေးမြို့နယ် မှာ အခုလို ပိုးကျတာဟာ ရေကြီးတဲ့နှစ် ၂၀၁၅ နောက်မှာ ပထမအကြိမ် ပိုးကျခဲ့တာလို့ သိရပြီး လက်ရှိ ကလေးမြို့နယ်မှာ စပါး တစ်တင်း မှာ ကာလ ပေါက်ဈေး ကျပ်ကိုးထောင် ရှိပြီး အရင်နှစ်ကတော့ တစ်တင်းမှာ ကျပ် ၇ထောင်ရှိကြာင်း သိရတယ်။

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့ထဲတွင် အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေပြုလုပ်နေတဲ့ စစ်ကောင်စီ

ဧပြီ ၂၉၊ ၂၀၂၆ Zalen ပြီးခဲ့တဲ့ ဧပြီလ ၂၅ရက်နေ့က စစ်ကောင်စီဟာ ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေထံမှ ဖလမ်းမြို့ကို ပြန်လည်ရယူသွားပြီးနောက် ၎င်းတို့ အစိုးရအဖွဲ့ယန္တရားပြန်လည် လည်ပတ်ဖို့ကြိုးစားမှုတွေ ရှိနေတယ်လို့ စစ်ကောင်စီသတင်းရင်းမြစ်များထံမှ သိရှိရပါတယ်။ စစ်ကောင်စီဟာ ဖလမ်းမြို့ပြန်လည်ရရှိပြီးနောက် ...

ဆက်ဖတ်ရန်