၂၀၂၂ ကမ္ဘာ့ရရှိခဲ့သော အာဂျင်တီးနားအသင်း ဆုငွေ လယ်လောက်ရရှိခဲ့သလဲ

အာဂျင်တီးနားအသင်းဟာ ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားကို ရရှိပြီးနောက် လူအများမေးသော မေးခွန်းတစ်ခုကတော့ ကမ္ဘာ့ဖလားရရှိထားသော အသင်းဟာ ဆုငွေကြေးဘယ်လောက်ရရှိမလဲဆိုတာပါပဲ။

၂၀၂၂ ဖီဖာကမ္ဘာ့ဖလား ချန်ပီယံရရှိသွားသော အသင်းဟာ ကန်ဒေါ်လာ ၄၂ သန်းကို ရရှိမည်ဖြစ်ပါတယ်။ ဒုတိယနေရာကို ရရှိထားသော အသင်းကလည်း လက်ဗလာဖြင့်အိမ်မပြန်ပါဘူး။ ပြင်သစ်အသင်းကတော့ ဖိုင်နယ်မှာ အနိုင်မရခဲ့လို့ စိတ်ပျက်ကြမှာတော့ သေချာပါတယ်၊ ဒါပေမယ့် ပြင်သစ်အသင်းကလည်း ဆုငွေ ကန်ဒေါ်လာ ၃၀ သန်း ကို အိမ်ယူသွားမည်ဖြစ်ပါတယ်။

တတိယနေရာရရှိသွားသော ခရိုအေးရှားအသင်းကလည်း ကန်ဒေါ်လာ ၂၇ သန်းရရှိမည်ဖြစ်ပြီး မော်ရိုဂိုအသင်းကတော့ ကန်ဒေါ်လာ ၂၅ သန်း ရရှိမည်ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အပေါ်က ဖော်ပြထားသော အသင်းလေးသင်းကိုပဲ ဆုငွေပေးတာ မဟုတ်ပါဘူး၊ ပြိုင်ပွဲဝင် နိုင်ငံအားလုံးကို ဆုငွေချီးမြှင့်ပေးပါတယ်။

ကမ္ဘာ့ဖလား အုပ်စုအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော အသင်းများအားလုံးကို ကန်ဒေါ်လာ ၉ သန်းစီ ချီးမြှင့်မည်ဖြစ်ပြီး ရှုံးထွက်အဆင့် ၁၆ သင်းအဆင့်ကို ရောက်ရှိခဲ့သော အသင်းများကို ကန်ဒေါ်လာ ၁၃ သန်းစီ ချီးမြှင့်ပါတယ်။ ကွာတားဖိုင်နယ်ကို ရောက်သော အသင်းများကတော့ ကန်ဒေါ်လာ ၁၇ သန်းစီရရှိမည်ဖြစ်ပါတယ်။

Zalen ad

ကမ္ဘာ့ဖလားဝင်ပြိုင်ခဲ့ကြသော အသင်း ၃၂ သင်းဟာ ဆုငွေ ကန်ဒေါ်လာ ၄၀၀ သန်းကို ခွဲဝေယူကြတာဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ၂၀၁၈ တွင် ဗိုလ်စွဲပြီးနောက် ဆုငွေအဖြစ် ကန်ဒေါ်လာ ၃၈ သန်း ရရှိခဲ့ရာ ၂၀၂၂ မှာတော့ ဗိုလ်စွဲသော အာဂျင်တီးနားအသင်းဟာ ဆုငွေ ကန်ဒေါ်လာ ၄၂ သန်း ရရှိပြီး ၂၀၁၈ ထက် ဆုငွေ ၄ သန်း တိုးလာတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်