မင်းတပ်နဲ့ ထီးလင်းမြို့နယ်မှာ အရပ်သား ၆ ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့သတ်ဖြတ်

မင်းတပ်မြို့အနောက်ဘက် ၅ မိုင်ပတ်ဝန်းကျင် တက္ကသိုလ်ကျောင်းဝန်းအနီးမှာ ဒေသခံပြည်သူ အမျိုးသား ၃ ဦးကို ၂၇၄ တပ်ရင်း စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာ ဖြစ်နိုင်တယ်လို့ မြေပြင်သတင်းသိရှိထားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းတပ်မြို့ပေါ် နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့် စစ်ဆေးမေးမြန်းတာမျိုးရှိနေတယ်လို့လည်း သူကဆက်ပြောပြပါတယ်။

ဒီနေ့ ဒီဇင်ဘာ ၂၉ ရက်တွင်လည်း မကွေးတိုင်း၊ ထီးလင်းမြို့ပြင် အမှိုက်ပုံးမှာ ချင်းအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်ကသတ်ဖြတ်ပြီး အလောင်းကိုစွန့်ပစ်ထားတယ်လို့သိရတယ်။

Zalen ad

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ မင်းတပ်မြို့ခံ လူငယ် ၂ ဦး စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ လူငယ် ၂ ဦးဟာ ပခုက္ကူမြို့မှာ မိသားစု ဆေးကုဖို့ သွားတာ ဖြစ်ပြီး ပခုက္ကူမြို့ထဲက မင်းတပ် ကြားစခန်းမှာ ဝင်ယောက် ဖမ်းဆီး ခံရတာလို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်