ကွန်ပျူတာချို့ယွင်းမှုကြောင့် အမေရိကန်တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်များ ယာယီရပ်နားခံရ

အမေရိကန်နိုင်ငံက FAA လို့ခေါ်တဲ့ ဖယ်ဒရယ်လေကြောင်းဆိုင်ရာအုချုပ်ရေးရုံး၏ ကွန်ပျူတာတွင် ချို့ယွင်းမှုတစ်ခု ဖြစ်ပေါ်ပြီးနောက် တစ်နိုင်ငံလုံး လေယာဉ်ခရီးစဉ်များကို ရပ်ထားရကြောင်း သိရပါတယ်။

လူမှုကွန်ရက်ပေါ်မှာလည်း လူများစွာက လေယာဉ်ဖြင့် ခရီးသွားလို့မရကြောင်းကို ရေးသားနေကြပါတယ်။ FAA ၏ ပြောကြားချက်အရတော့ လက်ရှိဖြစ်ပေါ်နေသော ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း ဆိုပြီး Notice to Air Missions System အလုပ်ပြန်လုပ်ရန် ကြိုးပမ်းနေကြောင်း ပြောပါတယ်။

“စနစ်ပြန်လည် အသုံးပြုနိုင်ရန် နောက်ဆုံး စစ်ဆေးမှုကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ နိုင်ငံတစ်ဝှမ်းက လေယာဉ်ခရီးစဉ်ဆိုင်ရာ စနစ်များကို ထိခိုက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါတယ်” ဟု FAA တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လေကြောင်းထိန်းသိမ်းရေးစနစ် တာဝန်ရှိသူများကတော့ ခရီးသွားသူများအနေနဲ့ ချို့ယွင်းသွားသော စနစ်ဘယ်ချိန် ပြန်လည်အသုံးပြုလို့မရလဲဆိုတာကို မသိရသောကြောင့် အချိန်ပို ပေးစောင့်ရနိုင်ကြောင်း သတိပေးထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်