မတူပီမြို့နယ်တွင် ယခုလအတွင်းတိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီ ၄၀ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီလမှာ ၆ ရက်အတွင်းတိုက်ပွဲ ၁၅ ကြိမ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၄၀ သေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိတယ်လို့ CDF-Zotung ကထုတ်ပြန်ထားပါတယ်။

၎င်းတို့ထုတ်ပြန်ချက်စာထဲတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချင်းပြည်နယ်၊ ဇိုတုန်နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်ကောင်စီအင်အား (၁၅၀)ခန့် နှင့် မိမိတို့ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် Chinland Defence Force -Zotung, Chinland Defence Force – Zophei, Chinland Defence Force – Lautu, Chinland Defence Force – Mara, Chinland Defence Force – Senthang နှင့် ချင်းအမျိုးသားတပ်မတော် (CNA) တို့ကြား (၆) ရက်အတွင်း တိုက်ပွဲပေါင်း (၁၅) ကြိမ်အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄၀) ဦးနှင့်အထက် သေဆုံးပြီး (၂၀) ဦးနှင့်အထက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည်။ ထို့အပြင် မိမိတို့ Chinland Defence Force -Zotung မှ တပ်ဖွဲ့ဝင် (၂) ဦးနှင့် Chin National Army (CNA) မှ တပ်ဖွဲ့ဝင် (၁) ဦးတို့သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် မြင့်မြတ်စွာကျဆုံးကြသည်။ ဤကဲ့သို့ အသက်ပေးလှူကြသည့် တပ်ဖွဲ့ဝင် (၃)ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းပြီး ဤ ကျဆုံးတပ်ဖွဲ့ဝင်များအား အာဇာနည်သူရဲကောင်းများအနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်