မတူပီမြို့နယ်တွင် အုပ်ချုပ်ရေးမှူးမလုပ်ချင်ကြလို့ စစ်ကောင်စီက ထောက်ခံစာဖြင့် အကြပ်ကိုင်

ချင်းပြည်နယ်၊ မတူပီမြို့၊ လောင်ဗွန်းရက်ကွက်တွင် လစ်ဟာနေသော အုပ်ချုပ်ရေးမှူးနေရာ အစားထိုးခန့်အပ်ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စစ်တပ်နှင့် မတူပီမြို့ပေါ်က စစ်တပ်အပေါင်းအပါတစ်ချို့အကြား ညှိနှိုင်းမှု တစ်ခု ပြုလုပ်ခဲ့သော်လည်း ဘယ်သူမှ အုပ်ချုပ်ရေးမှူး မလုပ်ချင်သောကြောင့် မခန့်လိုက်ရကြောင်း သိရပါတယ်။

မကြာသေးခင်ကပဲ စစ်တပ်ဟာ မတူပီမြို့နယ်အတွင်းရှိ ကျေးရွားများအားလုံးတွင် အုပ်ချုပ်ရေးမှူးများ ခန့်အပ်ရန် ပြောခဲ့သော်လည်း ခုတော့ မြို့ပေါ်တွင်ပင် အုပ်ချုပ်ရေးမှူး လုပ်ချင်သောသူ မရှိပဲဖြစ်နေတာဖြစ်ပါတယ်။

“မင်းတို့က ငါ့တို့ (စစ်တပ်) အုပ်ချုပ်တာကို မကြိုက်တာကို ငါတို့သိပါတယ်၊ ဒါပေမယ့် အုပ်ချုပ်ရေးမှူးခန့်တယ်ဆိုတာကလည်း ပြည်သူတွေ ခရီးသွားဖို့ရန် လိုအပ်တဲ့ ထောက်ခံစာတွေ ထုတ်ပေးရေး အခက်အခဲကို ဖြေရှင်းချင်လို့ ငါတို့ဘက်က အုပ်ချုပ်ရေးမှူး ခန့်ဖို့ လုပ်နေတာ” ဟု စစ်တပ်ဘက်က ပြောကြောင်း ဝန်ထမ်း တစ်ဦးထံမှ သိရပါတယ်။

ကျေးရွာများတွင် အုပ်ချုပ်ရေးမှူး ခန့်အပ်ရမည်ဟု စစ်တပ်က ပြောပြီးနောက် မတူပီမြို့နယ်က ရွာသားများဟာ ထောက်ခံစာ မရှိပဲ မြို့ဝင်ထွက်ခွင့် မပေးတော့ကြောင်း သိရပါတယ်။ မြို့ဝင်ထွက် လုပ်လိုပါက ရွာတိုင်းတွင် အုပ်ချုပ်ရေးမှူး ခန့်အပ်ရမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှုက ထုတ်ပေးသော ထောက်ခံစာဖြင့်သာ ခရီးသွားခွင့်ပေးမည်ဟု လည်း သိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်