တမူးမြို့နယ်တွင် ကသည်းလက်နက်ကိုင်အဖွဲ့ ၂ ဦးအသတ်ခံရ ၃ ဦးပျောက်ဆုံးနေ

တမူးမြို့နယ်အထက်ပိုင်း တမူး-အောင်ဇေယျလမ်း တုံးကျော်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြန်မာပြည်တွင်ခိုလှုံလှုပ်ရှားနေသည့် အိန္ဒိယ၊ မဏီပူရ်လက်နက်ကိုင်ကသည်းအဖွဲ့အစည်း အဖွဲ့ဝင် ၂ ဦးအသတ်ခံရပြီး ၃ ဦးပျောက်ဆုံးနေသည်ဟုသတင်းရရှိပါသည်။

သေဆုံးသည့် နှစ်ဦးမှာ မဏီပူရ်ပြည်နယ်က Jiribamရွာမှ Prem ဆိုသူနှင့် Kakching ရွာသစ် မှKon Premkumar ဟုသိရသည်။ ၎င်းနှစ်ဦးရဲ့အလောင်းကို ကားထဲတွင်သေလျက်ကျန်ခဲ့သည်ဟုသိရသည်။ပျောက်ဆုံးနေသည့် ၃ ယောက်ထဲတွင်မိုးရေးမြို့‌ဒေသ ခံတစ်လည်းပါဝင်သည်ဟုလည်းသိရသည်။

သေဆုံးနေသည့်နှစ်ယောက်ထဲမှတစ်ယောက်ဟာ မျက်နာကိုအဝတ်နှင့်စည်းထားသည်ကိုကြည့်ခြင်းအားဖြင့်ဖမ်းစည်းချုပ်နှောင်းထားပြီးနောက်သေနတ်ဖြင့်ပစ်သတ်ခံရသည်ဟုယူဆရပြီး ကားဘေးပတ်လည်တွင်လည်းသေနတ်ကျည်ထိမှန်ရာအများအပြားတွေ့ရသည်ဟုသိရသည်။

၎င်းဖြစဉ်နှင့်ပတ်သတ်၍ KNA(B)- Kuki National Army (Burma) ပြောရေးဆိုခွင့်ရှိသူကိုဆက်သွယ်မေးမြန်းကြည့်ရာ သူတို့လက်ချက်မဟုတ်ငြင်းဆိုထားပါသည်။ ယခုထိ မည်သူက ပစ်သတ်တာလဲဆိုတာမသိရသေးပါ။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်