CDM သူနာပြုဆရာမ တစ်ဦး စစ်ကောင်စီက ဖမ်းဆီးကာသတ်ဖြတ်

ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံးက အထက်တန်းသူနာပြုဆရာမ ဒေါ်သဲသဲဝင်း (၄၀နှစ်) ဟာ CDM မှာ ပါဝင်ပြီး မိမိရွာက နေအိမ်တွင်ဆိုင်ဖွင့်ပြီး ဈေးရောင်းနေစဉ် ဖေဖော်ဝါရီ ၂၁ ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးကာသတ်ဖြတ်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

အလောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင် ရွာသားများကပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဆရာမ ဒေါ်သဲသဲဝင်းဟာ CDM လုပ်ပြီးဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာသို့ပြန်ကာ နေအိမ်တွင် ကုန်စည်ရောင်းဝယ်ရင်း အသက်မွေးဝမ်းကျောင်းတယ်လို့သိရတယ်။

ဒလန်က စစ်ကောင်စီ တွေဆီမှာ ဆရာမ ဒေါ်သဲသဲဝင်းဟာ CDM ,PDF တွေကို ဆေးဝါးကုသပေးတယ် ၊ ထောက်ပို့လုပ်တယ် စသဖြင့်တိုင်တန်တာကြောင့် စစ်ကောင်စီက ဆရာမကို ဖမ်းသွားပြီး လက်ပြန်ကြိုးတုပ်ကာ သတ်ပစ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ယခင်က စစ်ကြောင်းလာတိုင်းရှောင်ခဲ့ပေမယ့် ယခုတစ်ကြိမ်စစ်ကြောင်းလာတဲ့ချိန်မှာ မရှောင်ပဲ အိမ်ထဲမှာ ပုန်းနေစဉ် ဖမ်းဆီးခံရပြီးလမ်းမှာပဲသတ်ပစ်လိုက်တယ်လို့ သတင်းရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်