မဏီပူရ်တွင် မြန်မာစစ်ဘေးရှောင်တစ်ဦး ထောင်ထဲထိန်းသိမ်းခံရစဉ်သေဆုံး

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ အင်ဖာမြို့ Sajiwwa ထောင်တွင်ထိန်းသိမ်းခံရတဲ့ Pu Demkholun ကိုဒင်းခိုလွန်း (၃၂နှစ်)ဟာ နှလုံးရောဂါဖြင့် မနေ့ ဖေဖော်ဝါရီ ၂၅ ရက်ကသေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

၎င်းဟာအရင်က တမူးမြို့နယ်၊ ကွန်းတောင်းအုပ်စု၊ ဆရာစံကျေးရွာတွင်နေထိုင်ခဲ့ပြီး နိုင်ငံရေးအခြေနေကြောင့် မိုးရေးမြို့နယ် လန်ကျန်(H Lhancham) ကျေးရွာတွင်စစ်ဘေးရှောင်အဖြစ်နေထိုင်ခဲ့ပါတယ်။

ကိုဒင်းခိုလွန်းရဲ့ရုပ်ကလပ်အလောင်းကို လူမူရေးအဖွဲ့မှတာဝန်ယူပြီးမိုးရေးမြို့သို့ပိုဆောင်ပေးမယ်လို့သိရတယ်။

မြန်မာနိုင်ငံကနေ မဏီပူရ်ပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၉၃ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီး တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ပြည်နယ်လွှတ်တော်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။

Zalen ad

၎င်းတို့ထဲက ၁၀၇ ဦးကို တရားရေးရာ စစ်ဆေးမှုပြုလုပ်နေပြီး ကျန်ရှိတဲ့ ၁၀၅ ဦးကို ထိန်းသိမ်းရေးစင်တာများတွင် ထိန်းသိမ်းထားကာ ၁၈၀ ဦးကိုတော့ အာမခံဖြင့် ပြန်လွှတ်ပေးပြီဖြစ်ကြောင်း ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်