မြန်မာနိုင်ငံကနေ တရားမဝင်လာသော ၃၉၃ ဦးဖမ်းဆီးထားကြောင်း မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ်ပြော

ပြီးခဲ့တဲ့သောကြာနေ့တွင် အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်တဲ့ N Biren Singh ရဲ့ ပြောဆိုချက်အရ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၃၉၃ ဦးဖမ်းဆီးထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ K Ranjit ရဲ့ မေးမြန်မှုကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၂-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၁၀ ဦးရှိပြီး စုစုပေါင်း မြန်မာနိုင်ငံသား ၃၉၃ ဦးရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောပါတယ်။

၎င်းတို့ထဲက တစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း၊ ၁၀၇ ဦးကို တရားရေးရာ စစ်ဆေးမှုပြုလုပ်နေပြီး၊ နောက်ထပ် ၁၀၅ ဦးကို ထိန်းသိမ်းရေးစင်တာများတွင် ထိန်းသိမ်းထားကာ ၁၈၀ ဦးကိုတော့ အာမခံဖြင့် ပြန်လွှတ်ပေးပြီဖြစ်ကြောင်း ဆိုပါတယ်။

ဝန်ကြီးချူပ်၏ ပြောဆိုချက်အရ နယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ်သားများကို ချပေးထားသော်လည်း သူတို့ဟာ လက်နက်ကိုင်တပ်ဖွဲ့များကိုသာ အဓိက အလေးထားဆောင်ရွက်နေကြောင်း ပြောပါတယ်။ ထို့ကြောင့် ပြည်နယ်အစိုးရဟာ နယ်စပ်တစ်လျှောက် စခန်းများတွင် တရားမဝင် ဝင်ရောက်လာသူများကို နယ်စပ်တွင် ထိန်းသိမ်းနိုင်ရန် ရဲများကို ချမှတ်ထားကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် တရားမဝင် ဝင်ရောက်လာမှုကို တားဆီးနိုင်ရန် ခက်ခဲနိုင်ပါတယ်၊ ထို့ကြောင့် ထိန်းသိမ်းရေးစခန်းများကို Tengnoupal နှင့် Sajiwa ထောင်များတွင် စခန်းဖွင့်ပေးထားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်