ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ရုံးပြန်လည်ဖွင့်လှစ်တဲ့နေ့တွင်လျှောက်ထားသူ လူ ၄၀၀ ကျော်ရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့က နိုင်ငံကူးလက်မှတ် ရုံးကို ဖေဖော်ဝါရီ ၂၇ ရက်က ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့သိရတယ်။

ဟားခါး နိုင်ငံကူးလက်မှတ် ရုံးဖွင့်လှစ်တဲ့နေ့တွင် လူ ၄၀၀ကျော်က ဝင်ရောက်လျှောက်ထားပြီး တစ်ရက်မှာ လူ တစ်ရာသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသွားမယ်လို့သိရပြီး တစ်ရက်ကြိုတင်လျှောက်ထားရမယ်လို့သိရတယ်။

စစ်ကောင်စီက တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ်ရုံးကို ယခုနှစ် ဇန်နဝါရီလတွင်ပိတ်ထားပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ခဟာ အရင်က တစ်ဦးလျှင် လေးသောင်းကျပ်သာကုန်ကျပေမယ့် ယခုတွင်မူ ငါးသောင်းကျပ်ကုန်ကျမှာဖြစ်ကြောင်းသိရတယ်။

ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ရုံးတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်းဘက်ကလည်းဝင်ရောက်လျှောက်ထားကြပေမယ့် ပြည်နယ်ပြင်ပလူတွေကို လက်မှတ်ပြုလုပ်ခပိုယူကြကြောင်းသိရတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းပစ်ခတ်မှု သုံးရက်ဆက်တိုက်ပြုလုပ်

မေ ၁၃ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ် ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၃ ရက်ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ဒီကနေ့ ညနေ ၄ နာရီ၀န်းကျင်တုန်းကလည်း မင်းတပ်မြို့ပေါ်ကို ဂျက်ဖိုက်တာ ၂စီးနဲ့ လေကြောင်းကနေ တကြိမ် ...

ဆက်ဖတ်ရန်