CDF နှင့် CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာအကြားရှိ လာကီချောင်းတွင် လိုင်လင်းပီမြို့မှ မတူပီမြို့နယ်ရှိ ထေဘွေ့စခန်းသို့ စစ်အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့အား CDF -ပလက်ဝနှင့် CNA ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၉ ရက်နေ့တွင် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း CDF ပလက်ဝ ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က ၈ ဦးသေဆုံးကာ ၁၅ ဦး ထိခိုက်ရာပြီး မိမိတို့ ပူးပေါင်းတပ်ဖွဲ့သည် အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 မတ်လ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီ စစ်ကြောင်းကို CDF ပလက်ဝက ခြုံခိုတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ ၅ သေဆုံး၊ ၁၁ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

အွန်လိုင်းမူးယစ်ဆေးရောင်းသူတွေ “အီမိုဂျီ” ကုဒ်များအသုံးပြုပြီး လူငယ်တွေကို ပစ်မှတ်ထားနေ ========= ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ Zalen ထိုင်းနိုင်ငံမှာ အွန်လိုင်းမှတဆင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေဟာ လူမှုကွန်ရက်ရဲ့ စစ်ဆေးမှုတွေကို ရှောင်ရှားရန်နဲ့ လူငယ်တွေကို ဆွဲဆောင်ရန်အတွက် အီမိုဂျီ ...

ဆက်ဖတ်ရန်