ထိုင်းနိုင်ငံတွင် PDF များနေထိုင်သော တိုက်ခန်းတစ်ခု စီးနင်းခံရ

ထိုင်းနိုင်ငံ၊ တပ်ခ်ပြည်နယ်တွင်ရှိ မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်သော PDF အဖွဲ့နေထိုင်တဲ့ ၄ ထပ် တိုက်ခန်းတစ်ခုကို ထိုင်းရဲများက ဒီကနေ့ မတ်လ ၂၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။

 နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာသော စစ်အာဏာရှင်ဆန့်ကျင်သူများ  နေထိုင်ကြောင်းကို ထိုင်းထောက်လှမ်းရေးက သတင်းရရှိပြီးနောက် အခုလို ယင်းတိုက်ခန်းကို ရဲများက ဝင်ရောက်ရှာဖွေခြင်းဖြစ်ပါတယ်။

PDF များ ပိုင်ဆိုင်ထားသော ကျည်ဆန်၊ ဆေးဝါးပစ္စည်း၊ စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ နှင့် တံဆိပ်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းစစ်တပ်ဘက်က ပြောဆိုချက်အရ ထိုနေရာက တိုက်ခန်းများတွင် နေထိုင်သော တော်လှန်ရေးတပ်ဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဆိုပါတယ်။

PDF ရဲဘော်များဟာ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံနေ အထောက်အပံ့များ ရရှိထားကြောင်းလည်း ထိုင်းစစ်တပ်ဘက် သတင်းအမြစ်များကဖော်ပြပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်