ခရစ်ယာန်ဓမ္မကျမ်းစာကျောင်းသား ချင်းလူငယ် ၇ ဦးကို မဏိပူရ်အိန္ဒိယရဲက ဖမ်းဆီးကာ စစ်ကောင်စီထံ အကြောင်းကြား

ဘဂ်လားဒေ့ရှ်နိုင်ငံ၌ ခရစ်ယာန်ဓမ္မကျမ်းစာကျောင်းတက်ရောက်ကာ ပြန်လာသော ချင်းလူငယ် ၇ ဦးကို မဏိပူရ် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးကာ စစ်ကောင်စီထံ သတင်းပို့အကြောင်းကြားခဲ့သည်ဟု သတင်းရရှိသည်။

ကျောင်းပိတ်ရက်ကာလအတွင်း နေရပ်ကိုပြန်လာသည့် အဆိုပါ ချင်းလူငယ် ၇ ဦးတို့မှာ ဧပြီ ၁၁ ရက်က အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာလ်မြို့ကိုရောက်ရှိစဉ် အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းဖြစ်သည်။

ယင်းအတွက်ကြောင့် ချင်းပြည်နှင့် အိန္ဒိယပြည်နယ်စပ်ရှိ ZYA (ဇိုမီးလူငယ်အဖွဲ့) ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ အဖမ်းခံရသည့်ရဲစခန်းသို့ ညတွင်းချင်းသွားရောက် ညှိနှိုင်းခဲ့သော်လည်း စစ်ကောင်စီထံသတင်းပို့ပြီးသည့်အတွက် အဆင်မပြေခဲ့ဘူးဟု သိရသည်။

ZYA အဖွဲ့အနေဖြင့် ဖမ်းဆီးခံရသော ချင်းလူငယ် ၇ ဦးကို တွေ့ဆုံခွင့်ခဏရသည့်အချိန်၌ လိုအပ်သည်များကို ကူညီခွင့်သာရရှိခဲ့ပြီး ၎င်းတို့ကို အင်ဖာလ်မြို့က Sajiwa Detention Center သို့ ဆက်လက်ပို့ဆောင်မည့်သတင်းကို ကြားသိခဲ့ရသည်ဟုလည်း ဆိုသည်။

Zalen ad

ဖမ်းဆီးခံရသူများသည် Cing Nun Eng, Suan Khan Khai, Ning Lun Kim, Thang Lam Cin, Cin Suan Sang, Kam Sian Khai, Cing Nuam Vung တို့ဖြစ်သည်။

အဆိုပါ Sajiwa Detention Center ဆိုသည်မှာ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိုသာ သီးသန့်ထိန်းသိမ်းထားသည့် စင်တာဖြစ်ပြီး လက်ရှိတွင် ၃၀၀ ဦးကို ထိန်းသိမ်းထားရှိပြီ ဖြစ်ကြောင်း ကြားသိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာလ်မြို့သို့ ခရီးသွားလာမှုကို အထူးသဖြင့် ဂရုစိုက်ရှောင်ရှားသင့်ကြောင်း ZYA အဖွဲ့က အသိပေးထားသည်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်