Times မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ် ၁၀၀ တွင် မင်းအောင်လှိုင် ဖော်ပြခံရ

 မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဆုတံဆိတ်များစွာကို ဝတ်ဆင်ပြီး ထောင်ပေါင်းများစွာသော စစ်သားများကို သူ့ရဲ့ အမိုးမပါသော ဂျစ်ကားပေါ်ကနေ ကြည့်ကာ ဗိုလ်ရှုခံခဲ့ပါတယ်။

ဒီလို စစ်အင်အားပြသမှုဟာ ၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံတွင် တင်းကြပ်မှု ဘယ်လောက်အထိ များပြားလာသလဲဆိုတာကိုလည်း ပြသနေပါတယ်။ သူ့ရဲ့ စင်ပေါ်ကနေ ဒီမိုကရေစီလိုလားသော သူပုန်များဟာ သွေးစွန်းနေတဲ့လမ်းကို ရွေးချယ်ထားသောသူများဖြစ်သောကြောင့် အများကောင်းကျိုးအတွက် ထိထိရောက်ရောက် အရေးယူသွားမယ်လို့ ပြောခဲ့ပါတယ်။

သူ့ရဲ့ ဒီလိုမိန့်ခွန်းပြောကြားပြီးနောက် စစ်တပ်ဟာ ကျေးရွာများကို အကြမ်းဖက်လာပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အသုံးပြုကာ အကြမ်းဖက်မှု ကျူးလွန်လာခဲ့ပါတယ်။ ထောင်နဲ့ချီသော အပြစ်မဲ့ ပြည်သူများ သေဆုံးစေခဲ့ပြီး နောက်ထပ် သန်းနဲ့ချီသော ပြည်သူများ နေရပ်စွန့်ခွာနေရပါတယ်။ မင်းအောင်လှိုင်ဟာ သူအာဏာ မသိမ်းခင်ကတည်းကပင် သူ့ကို ကုလသမဂ္ဂက ရိုဟင်ဂျာများကို လူမျိုးတုန်းစေလိုသော ရည်ရွယ်ချက်ဖြင့် သတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

 မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို နိုင်ငံတကာတွင် အထီးကျန်တဲ့ နိုင်ငံအဖြစ်သို့ ပြန်လည်ပြောင်းလဲစေသူဖြစ်ပြီး သူ့ကြောင့် မြန်မာနိုင်ငံဟာ ဒုတိယအာဏာရှင်သက်တမ်းအရှည်ဆုံးနိုင်ငံဖြစ်လာစေခဲ့ပါတယ်။ Economist Intelligence Unit’s 2022 Democracy Index ၏ ဒီမိုကရေစီစံညွှန်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံထက်ဆိုးသော နိုင်ငံကတော့ တာလီဘန်အုပ်ချုပ်သော အာဖဂန်စနစ္စတန်နိုင်ငံသာ ရှိတော့ကြောင်း ဖော်ပြထားပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်