မင်းတပ်မြို့နယ်ကျေးရွာ လေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားတစ်ဦး ထပ်မံသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါကျေးရွာပေါ် စစ်ကောင်စီက ယမန်နေ့ ဧပြီ ၁၆ ရက်ညနေ ၄ နာရီလောက်တွင် ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံး ၁၇လုံးကြဲတာကြောင့် အရပ်သား ၂ ဦးပွဲချင်းသေဆုံးပြီး ယနေ့ဧပြီ ၁၇ ရက်တွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးတယ်လို့ CDF-Mindat ကသတင်းထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်လို့သေဆုံးသူများဟာ အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်းပါဝင်ပါတယ်။ ဒါ့ပြင် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၇ ဦးထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ် ၂ လုံးမီးလောင်ပြီး စုစုပေါင်းလူနေအိမ် ၉ လုံးပျက်စီးခဲ့ပါတယ်။

ဒါ့ပြင် မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေ ၎င်းကျေးရွာဝန်းကျင်ကို ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်