မီဇိုရမ်ပြည်နယ် အကျဉ်းထောင်ကနေထွက်ပြေးသူ မြန်မာနိုင်ငံသား ၁ ဦးထပ်မံဖမ်းမိ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လုံလဲ (Lunglei) ခရိုင်အကျဉ်းထောင်ကနေ ဧပြီ ၁၉ ရက်မနက်ပိုင်းကထွက်ပြေးတဲ့ မြန်မာနိုင်ငံသား ၅ ဦးထဲမှ ၁ ဦးကို မနေ့ဧပြီ ၂၄ ရက်ညတွင် ထပ်မံဖမ်းဆီးရမိတယ်လို့သတင်းရရှိပါတယ်။

ယမန်နေ့ကဖမ်းဆီးမိတဲ့အကျဉ်းသားဟာ Lalchawimawia (၂၄နှစ်)ဖြစ်ပြီး၎င်းဟာ ၂၀၂၁ ခုနှစ်တွင် မီဇိုရမ်ပြည်နယ်၊ လုံလဲမြို့မှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးသတ်လို့ထောင်ချ ခံရတဲ့သူလည်းဖြစ်ပါတယ်။

Lalchawimawia ကို ယမန်နေ့ ဧပြီ ၂၄ ရက်ည ၁၀ နာရီခွဲတွင် Khawhri ကျေးရွာအနီး တောင်ယာတဲတွင် Hnahthial ခရိုင်ရဲများနဲ့ Khawhri ကျေးရွာသားများပူးပေါင်းပြီးဖမ်း ဆီးမိတာဖြစ်ပါတယ်။

ဧပြီ ၂၀ ရက်ညတွင် မူးယစ်မှုကြောင့်ထောင်ချခံရတဲ့ ၎င်းတို့ထဲမှ Lal Bawi Lian (၂၇နှစ်)၊နဲ့ Do Kap Thang (၂၆နှစ်) တို့နှစ်ဦးကို လုံလဲမြို့ကနေ ၁၇ မိုင်အကွာ Mausen (မောင်စဲ)ရွာအနီးမှာ လူငယ်အဖွဲ့ YMA ကဖမ်းဆီးခဲ့ပါတယ်။

Zalen ad

လက်ရှိ Hau Deih Cin (၂၅နှစ်)၊ Van Nei Thang (၃၈နှစ်)တို့ ၂ ဦးလွတ်မြောက်နေဆဲဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်