မဏီပူရ်ပြည်နယ်တွင် ကသည်းနဲ့ ချင်းအနွယ်ဝင်များ အဓိကရုဏ်းဖြစ်ပွားလို့ မိုးရေးမြို့နဲ့အခြားမြို့တွေမှာ ပစ်ခတ်မှုနဲ့မီးလောင်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်တွင် ကသည်းလူမျိုးနဲ့ ချင်းအနွယ်ဝင် ကူကီး၊ ပိုင်သဲ(ဇိုမီး)များကြား ယနေ့ မေ ၃ ရက်တွင် အဓိကရုဏ်းဖြစ်ပွားလို့ မြန်မာနယ်စပ် မိုးရေးမြို့အပါအဝင် အခြားမြို့များတွင် မီးလောင်မှုဖြစ်ပွားလို့ ခရိုင် ၅ ခုတွင် ညမထွက်ရအမိန့် သတ်မှတ်လိုက်တယ်လို့သတင်းရရှိပါတယ်။

မဏီပူရ်ပြည်နယ်အစိုးရက ချင်းအနွယ်ဝင် ကူကီးနဲ့ ပိုင်သဲ (ဇိုမီး)လူမျိုးအများစုနေ ထိုင်တဲ့ တောင်တန်းဒေသကို သစ်တောဧရိယာအဖြစ်သတ်မှတ်လို့ ယင်းဥပဒေ ပြဌာန်းချက်ကိုမကျေနပ်လို့ဆန္ဒပြရာကနေ အခုလို အဓိကရုဏ်းဖြစ်ပွားတာဖြစ်ပါတယ်။

ယင်းဥပဒေကြောင့် တောင်တန်းဒေသမှာနေထိုင်တဲ့ ချင်းအနွယ်ဝင်များနေထိုင်တဲ့ ကျေးရွာများဖြတ်သိမ်းခံရနိုင်တဲ့အခြေအနေရင်ဆိုင်ကြပါတယ်။

ယနေ့ မေလ ၃ ရက် မနက်ပိုင်းတွင် တစ်ပြည်နယ်လုံးမှာ ကူကီး၊ ပိုင်သဲ၊ နာဂလူမျိုးများက လမ်းပေါ်ထွက်ဆန္ဒပြကြရာ နေ့လည်ပိုင်းတွင် ကသည်းလူမျိုးများက ပိုင်သဲလူမျိုးများနေထိုင်တဲ့ အင်ဖာလ်ခရိုင် Kangvai ကျေးရွာတရွာလုံးနီးပါး မီးရှို့လို့ကလေးငယ်တစ်ဦးသေဆုံးသွားပါတယ်။

Zalen ad

မြန်မာနယ်စပ် မိုးရေးမြို့မှာလည်း ကူကီးလူမျိုးများက ဆန္ဒပြကြရာ မိုးရေးမြို့အထက်စျေးမီးရှို့ခံရပြီး သေနတ်သံတွေလည်းကြားရတယ်လို့သိရတယ်။ ဒါကြောင့် မဏီပူရ်ပြည်နယ် ခရိုင် ၅ ခုကို ယနေ့ညကစပြီး ညမထွက်ရအမိန့်ထုတ်ပြန်ထားကာ ၅ ရက်ကြာအင်တာနက်ဖြတ်တောက်မယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။

ယင်းဥပဒေနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်က လူမှုရေးအဖွဲ့အစည်းနဲ့ ကျောင်းသားအဖွဲ့အစည်းများက မဏီပူရ်ပြည်နယ်အစိုးရက တောင်တန်းဒေသလူမျိုးစု အပေါ်လုပ်ဆောင်ချက်ကို ကန့်ကွက်ရှုပ်ချတဲ့ကြေညာချက်များထုတ်ပြန်ကြပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်