ခိုင်ကမ်းတွင် စစ်ကောင်စီက မော်တော်ယာဉ်များကိုတားဆီးကာ ဓားစာခံအဖြစ်ထိန်းသိမ်းထား

ကလေးမြို့ကနေ ချင်းပြည်နယ်သို့တက်တဲ့ ခိုင်ကမ်းမြို့ ၉မိုင်ဂိတ်မှာ စစ်ကောင်စီတပ်သားများက ယနေ့ မေ ၆ ရက်တွင် မော်တော်ယာဉ်အတက်၊ အဆင်း အားလုံးကိုတားဆီးကာ LSD ဓာတ်ဆီဆိုင်မှာ ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ သတင်းရရှိပါတယ်။

၉မိုင်ဂိတ်နဲ့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းကြောင့် အရပ်သားကားတွေကို အခုလို ဓားစာခံအဖြစ် ဖမ်းဆီးတာလို့သိရတယ်။

ဒေသခံတစ်ဦးက “PDF တွေ ခိုင်ကမ်းနဲ့ စက်မှုဇုံလမ်းကွေ့ဘက်မှာရှိတယ်ဆိုတဲ့သတင်း ကြားလို့ စခန်းကိုတိုက်ခိုက်မှာစိုးလို့ အခုလို အရပ်သားကားတွေကို ဓားစာခံလုပ်တာထင် တယ်။ ချင်းတောင်ဘက်တက်တဲ့ကားကော၊ ဆင်းလာတဲ့ကားကော အကုန်လုံးတားပြီးတော့ LSD ဓာတ်ဆီဆိုင်မှာ ရပ်ခိုင်းတယ်။ လူကတော့ ကလေးဘက်ပြန်ဆင်းချင်တဲ့သူတွေကို ၃ဘီးနဲ့ဆင်းခိုင်းတယ်။ တချို့ခရီးသည်တွေက ပိုက်ဆံမရှိလို့ ကားပေါ်မှာပဲဆက်နေကြတယ်။ ကားအားလုံးပေါင်း အစီး ၁၀၀ လောက်ရှိမယ်ထင်တယ်။ မနက်ဖြန်မှပဲ ပြန်လွတ်ပေးမယ်လို့ ကားသမားတစ်ယောက်ဆီကနေ ကြားတယ်”လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်