CNO တရားစီရင်ရေးဌာနက ၂လအတွင်း အမှု ၈ ခုကို စီရင်ချက်ချမှတ်

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ မတ်လအထိ အမှု ၈ ခုမှ လူ ၁၁ ယောက်ကို စီရင်ချက်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)ကစီရင်ချက်ချမှတ်တဲ့အမှုတွေကတော့ ခိုးမှု၊ သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု၊ လူသတ်မှု၊ ဖလမ်းမြို့မီးရှို့မှု၊ နဲ့ မူးယစ်ဆေးဝါးမှုတွေဖြစ်ပါတယ်။

ခိုးမှုကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး၊ သက်ငယ်မုဒိမ်းမှုကို ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပါတယ်။ ယင်းအမှုဟာ ဖလမ်းမြို့နယ်၊ ဘွာလ်သဲကျေးရွာက အသက် ၃၀ ကျော်အမျိုးသားက အသက် ၇ နှစ်ကလေးကို ၎င်းတို့အိမ်လာလည်စဉ် ကျူးလွန်တဲ့အမှုဖြစ်ပါတယ်။

မုဒိမ်းမှုမှာ အသက် ၆၀ ကျော်အမျိုးသမီးပေါ်ကျူးလွန်ခဲ့တာဖြစ်ပြီး တရားခံကို တော်လှန်ရေးကာလလုံးထောင်ကျစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ လူသတ်မှုမှာ ပြည်မဘက်ကနေ လမ်းလုပ်သားအဖြစ်တက်လာတဲ့ပုဂ္ဂိုလ်နှစ်ဦးကြားဖြစ်ပွားတဲ့ပြစ်မှုဖြစ်ပြီး လူသတ်မှုကျူးလွန်သူကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

Zalen ad

အရင်နှစ် ၂၀၂၂ ခုနှစ်မှာ ဖလမ်းမြို့ကိုမီးရှို့သူ ၃ ဦးကို တစ်ဦးလည်းထောင်ဒဏ် ၁နှစ်စီချမှတ်ပါတယ်။ မူးယစ်ဆေးဝါးမှုတွင် သုံးစွဲသူကို ဒဏ်ငွေ ၅ သိန်းဆောင်ခိုင်းပြီး ရောင်းချသူကို ဒဏ်ငွေ ၃၅ သိန်းချမှတ်တယ်လို့သိရတယ်။

ဒါ့ပြင် လက်ရှိစစ်ဆေးဆဲ အမှု ၁၀ ခုရှိပြီး အများစုမှာ ကျေးရွာအတွင်း မူးယစ်သောက်စားလို့ဖြစ်ပွားတဲ့အမှုတွေဖြစ်တယ်လို့ CNO တရားစီရင်ရေးဌာန အတွင်းရေးမှူးကဆိုပါတယ်။

CNO တရားစီရင်ရေးဌာနကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ်ပါတယ်။ လက်ရှိ ၎င်းတို့ဌာနအတွက် အင်ဗာတာ၊ ဆိုလာ နဲ့ ရုံးအဆောက်အဦးတည်ဆောက်ဖို့ အလှူငွေလိုအပ်တယ်လို့ CNO တရားစီရင်ရေးဌာန အတွင်းရေးမှူးကဆိုပါတယ်။

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်