မိုးတွင်းကာလ ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်း နေအိမ်များ သွပ်မိုးများစွာ အရေးပေါ်လိုအပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ် ဘောလုံးကွင်းရှိ စစ်ဘေးရှောင်စခန်း နေအိမ်များ မိုးတွင်းကာလ သစ်၊ ဝါး၊ သွပ်မိုးများ အရေးပေါ်အကူညီ လိုအပ်လျက်ရှိသည်ဟု သိရှိရသည်။

အရေးပေါ်အကူညီလိုအပ်သည့် အိမ်ထောင်စု(၁၇၃)နဲ့ လူဦးရေ (၇၄၆)ကို နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC) အဖွဲ့က နေအိမ်များပြုပြင်ရန်နှင့် အသစ်ပြန်လည်တည်ဆောက်ရန် လိုအပ်သည့် သစ်၊ ဝါးများ လှူဒါန်းပြီး၊ အမိုးအတွက် သွပ်မိုးများစွာ လိုအပ်နေသေးသည်ဟု သိရှိရသည်။

 အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ၂၀၂၀ ခုနှစ်တွင် စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။

လက်ရှိ စစ်ကောင်စီလက်ထက်တွင် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင် အိမ်ထောင်စု (၆၀၂)ခန့်၊ လူဦးရေ (၂၀၀)ကျော်သည် ပဲ၊ ဆန်၊ ဆီ လောက်သာ အထောက်ပံ့ရရှိပြီး၊ မိုခါမုန်တိုင်းကာလအပြီး ပလက်ဝကုန်ဈေးနူန်းမှာ အဆမတန်မြင့်မား‌နေ၍ စစ်ဘေးရှောင်ပြည်သူများ အခြားစားသောက်ကုန် ဝယ်ယူရာတွင် အခက်ကြုံတွေ့နေရဟု သိရှိရသည်။

Zalen ad

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်