စစ်ကောင်စီက ပလက်ဝမြို့နယ်ဒေသခံတွေကို လိမ်လည်လှည့်ဖျားပြီး တပ်သားအသစ် စုဆောင်းနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနယ်မြေခံတပ်ရင်း၊ ရဲစခန်းများက လူငယ်များအား နည်းလမ်းအမျိုးမျိုးဖြစ် လိမ်လည်ကာ တပ်သားသစ် စုဆောင်းမူပြုလုပ်လာသည်ဟု သိရှိရသည်။

တပ်သားသစ်စုဆောင်းခံထားရသည့် လူငယ်တစ်ဦးထံက “ကျွန်တော်တို့ရွှာမှာ စခန်းထိုင်တဲ့ ဗိုလ်ကြီးတစ်ယောက်က ရွာမှာ တောင်ယာသွားလိုက် လာလိုက်နဲ့ ငယ်ငယ်ရွယ်ရွယ် ဒီအတိုင်း နေသွားတော့မှာလာတဲ့၊ အလုပ်ရှာပေးရမလားလို့ပြောတယ်။  ဘာအလုပ်လဲမေးတော့ အစိုးရအလုပ်တဲ့၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ ယာဉ်မောင်းတွေတဲ့၊ ကိုယ်ကြိုက်တဲ့ အလုပ်ရွေး လုပ်လို့ရတယ်တဲ့၊ သင်တန်း တက်ရမယ်လို့လဲပြောတယ်”ဟု ဆိုပါသည်။

စစ်ကောင်စီက တပ်သားသစ် စုဆောင်းရာတွင် အသက် (၁၈) နှစ် မှ (၃၀)နှစ်ကြားရှိ လူငယ်များအား အစိုးရဝန်းထမ်းအဖြစ် ကျန်းမာရေးဝန်ထမ်း၊ ဆောက်လုပ်ရေးဝန်ထမ်းနှင့် ယာဉ်မောင်းဝန်ထမ်းများ စသည့်နေရာများတွင် လုပ်ကိုင်ရန်အတွက် အခြေခံပညာ အလယ်တန်းအဆင့်ကနဲ့ တက္ကသိုလ်ဘွဲ့ရထိ လျှောက်ထားနိုင်သည်ဟုဆိုကာ စည်းရုံးလျက်ရှိကြောင့် သိရှိရသည်။

ထို့အပြင် မေလ (၂၉)ရက်နေ့တွင် ပလက်ဝမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပလက်ဝနယ်မြေခံတပ်ရင်း ခလရ(၂၈၉) ရှိ စစ်သည်၊ အရာရှိတို့ တွေ့ဆုံစဉ်က တပ်သားသစ်များ စုဆောင်း‌ပေးရန်၊ တပ်သားသစ်တစ်ယောက် ရှာနိုင်လျှင် မြန်မာငွေ ဆယ်သိန်းပေးမည်၊ ဆယ်တန်းအောင်၊ ဘွဲ့ရ တပ်သားသစ် တစ်ယောက်ရှာနိုင်လျှင် သိန်း (၂၀) ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်