ကျောင်းသား/သူများအား အတင်းအဓ္ဓဖမ်းဆီးခေါ်ဆောင်ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင်း CDF-Paletwa ထုတ်ပြန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့-ပလက်ဝမှ ပြီးခဲ့သည့် ရက်ပိုင်းက အသက်မပြည့်သေးသည့် ကျောင်းသူ/သားများအား အတင်းအဓ္ဓဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု ဆိုသည်မှာ သတင်းအမှားဖြစ်ကြောင့် CDF ပလက်ဝက ဇူလိုင်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

CDF ပလက်ဝ အဖွဲ့အစည်းသည် ပလက်ဝဒေသခံပြည်သူလူထုထဲမှ ပေါက်ဖွားလာသူများဖြစ်သဖြင့် ဒေသခံပြည်သူလူထုများ ငြိုငြင်ပြီး တော်လှန်ရေးအားလွဲမှားစေနိုင်သော မည်သည့်အပြုမူဆောင်ရွက်ချက်များကို ပြုလုပ်မည်မဟုတ်ကြောင်း၊ တစ်ဖက်တွင်လည်း ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးကွန်ဗင်းရှင်း(Child Rights Convention) ပါပြဌာန်းချက်များနှင့်အညီ အသက်အရွယ်မပြည့်သော ကလေးငယ်များအား တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည် မဟုတ်ဟု CDF ပလက်ဝက ဆိုသည်။

အဆိုပါ ကိစ္စရပ်များဖြစ်ပွားသည်ဟု ကြားမြင်သိရှိပါက သက်ဆိုင်အဆင့်ဆင့် တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ကျူးလွန်ကြောင်းစစ်ဆေးဖော်ထုတ်တွေ့ရှိရပါက ကျူးလွန်သူတပ်ဖွဲ့ဝင် မည်သူကိုမဆို CDF-Paletwa ၏ စစ်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုက်သင့်သော အရေးယူမူများ ပြုလုပ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်