စစ်ကောင်စီက ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသဖြစ် ဒုတိယအကြိမ် ကြေညာ

ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက် အရှိန်အဟုန်မြင့်တင်ဆောင်ရွက်ရန်ဟုဆိုကာ စစ်ကောင်စီက ရခိုင်ပြည်နယ်ကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ဒုတိယအကြိမ် ဇူလိုင်လ (၁၄)ရက်နေ့ ထပ်မံကြေညာခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များအားလုံး ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည်ရောက်ရှိလာစေရန် စစ်ကောင်စီ၏ ဦးဆောင်မူဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အချိန်ကာလဖြစ်ပါသဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးမူနည်းဥပဒေ ပုဒ်မ (၂၆) အရ ၁၅ ရက်၊ ၇ လ၊ ၂၀၂၃ ခုနှစ်မှ ၁၄ ရက်၊ ၉ ရက်၊ ၂၀၂၃ ခုနှစ်ထိ သဘာဝဘေးအန္တရာယ်ကျသည့်ဒေသအဖြစ် ဒုတိယအကြိမ် ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ လေဘေးသင့် ချင်းပြည်သူများ ကျေးရွာတချို့တွင် စစ်ကောင်စီ၏ ထောက်ပံ့မူ ဆန် (၁၂)ဗူး၊ မာမီခေါက်ဆွဲ(၂)ထုတ်၊ ဆီ(၁၅)ကျပ်သားနှင့် သွားတိုက်ဆေး (၂)ဗူးသာ ရရှိပြီး၊ ထိခိုက်ပျက်စီးသွားသည့် လူနေအိမ်များသည် ကိုယ်ထူကိုယ်ထဖြင့် ပြန်လည်ပြုပြင်တည်ဆောက်နေရသည်။

 မေလ ၁၄ ရက်နေ့ တိုက်ခတ်သော မိုခါမုန်တိုင်းကြောင်း ထိခိုက်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို စစ်ကောင်စီက မေလ ၁၅ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသဖြစ် ကြေညာကာ၊ မြို့နယ်အလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောက်ရွက်ရန် စစ်ကောင်စီအရာရှိ ဗိုလ်ချုပ်များက အသီးသီးတာဝန်ယူခဲ့သည်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်