တွန်းဇံမြို့တွင် တိုက်ပွဲဆက်တိုက်ဖြစ်ပွား အရပ်သားတစ်ဦးနဲ့ တော်လှန်ရေးရဲဘောတစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ တွန်းဇံမြို့ ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က ဩဂုတ် ၁ ရက်နဲ့ ၂ ရက်နေ့တွင်သွားရောက်ပစ်ခတ်တယ်လို့သတင်းရရှိပါတယ်။

မနေ့ ဩဂုတ်လ ၁ ရက်နေ့ ညတိုက်ပွဲတွင် CDF-Hualngoram တပ်ဖွဲ့ ရဲဘော် Lalramchuana ကျဆုံးသွားကြောင်းသိရတယ်။

ယနေ့ ဩဂုတ်လ ၂ ရက်မနက် ၄ နာရီမှ ၇ နာရီအထိ တွန်းဇံမှာတိုက်ပွဲဖြစ်လည်းဖြစ်ပွားရာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိပါတယ်။ ဒီမနက်တွင် တွန်းဇံမြို့ ၊ ခေါဝုန် လေးဆန် ရပ်ကွက်မှာနေထိုင်တဲ့ မွာလ်ပီးရွာသား ကို Ka Cin (၂၅နှစ်) ဟာ ဆိုင်ကယ်နဲ့ထွက်ပြေးနေစဉ် စစ်ကောင်စီတပ်ကပစ်ခတ်လို့ သေဆုံးသွားပါတယ်။

ယင်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CNA, CDF-Hualngoram, CDF-KKG, CDF-Tonzang နဲ့ PDA တို့ပါဝင်ပါတယ်။

Zalen ad

အခုလို တိုက်ပွဲဖြစ်ပွားတာကြောင့် တွန်းဇံမြို့တွင်း ရပ်ကွက်အချို့ကပြည်သူတွေထွက်ပြေးကြပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင် ၂၇ ရက်က တွန်းဇံမြို့နယ် Lung Tah ကျေးရွာတစ်ရွာလုံး၊ Phai Tuu ကျေးရွာ တချို့တစ်ဝတ်၊ Nak Zang ကျေးရွာ ရွာသားတွေ အကုန်လုံး၊ Tui Tum ကျေးရွာ တချို့တဝက်ဟာ ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

နောက်ဆုံးရသတင်းများ

ရန်ကုန်လေထု ညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၄ ရောက်၊ AQI ၁၂၀ ထိ မြင့်တက်

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆ Zalen ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့အထိ တိုင်းတာချက်များအရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုအခြေအနေဟာ ကမ္ဘာ့အဆင့် ၄ နေရာထိ ရောက်ရှိနေတယ်လို့ လေထုအရည်အသွေးကို တိုင်းတာဖော်ပြနေတဲ့ IQAir ဝက်ဘ်ဆိုက်က ...

ဆက်ဖတ်ရန်