မတူပီမြို့ နယ်တွင် အိမ်တလုံးပေါ် သစ်ပင်လဲကျမူကြောင့်လူတစ်ဦးသေဆုံး

ချင်းပြည်နယ်၊မတူပီမြို့နယ်၊ ဟာလ်တူးကျေးရွာတွင် ယနေ့ ဩဂုတ်လ ၇ရက် မနက် ၂ နာရီဝန်းကျင်တွင် သစ်ပင်လဲကျမူကြောင့် အသက် (၅၂)နှစ် အရွယ်ရှိ  အိမ်ရှင်အမျိုးသား ဦးလောင်ဟွန်း သေဆုံးပြီး ဇနီးဖြစ်သူ ဒဏ်ရာပြင်းပြင်းထန်ထန်ရှိကြောင်း သတင်းရရှိပါသည်။

“မနက် ၂နာရီလောက်မှာ မိုးအသည်းအ သန် ရွာပြီးတော့ အိမ်ရှေ့  သစ်ပင်က အမြစ်ကနေလှန်ပြီး အိမ်ပေါ်ကို လဲကျလို့အိမ်ပိုင်ရှင်ဖြစ်တဲ့ ဦးလောင်ဟွန်း(Lawng Hon)ကဆုံးသွားတယ်။ သူ့အမျိုးသမီးကတော့ ခေါင်းမှာဒဏ်ရာ အပြင်းအထန်ရလို့ မတူပီဆေးရုံမှာဆေးကုမှုခံယူနေတယ်”ဟု ဒေသခံပြည်သူတစ်ဦးက ပြောပါသည်။

၎င်းတို့တွင် ၈နှစ်အရွယ် သမီး နဲ့ သားငယ် နှစ်ယောက် ကျန်ရစ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်