သာစည်ရွာကို စစ်ကောင်စီက တနေကုန်မီးရှို့၊ ရှေ့တန်းမှာ ပျူစောထီးတွေလည်းပါဝင်လာ

ကလေးမြို့နယ်၊ သာစည်ကျေးရွာကို ယနေ့ဩဂုတ် ၁၉ ရက်တွင် စစ်ကောင်စီနဲ့အပေါင်းပါများက လူနေအိမ် အများအပြားထပ်မံမီးရှို့တယ်လို့သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့တော့ ထိတွေ့မှုမရှိဘူး။ ဒါပေမယ့် သာစည်ရွာကို တနေကုန်မီးလိုက်ရှို့ကြတယ်။ ခန့်မှန်းခြေအိမ် ၁၀၀ လုံးလောက်ရှိမယ်ထင်တယ်။ ဒီညထိ ရွာထဲမှာ စစ်ခွေးတွေရှိနေတုန်း။ ခန့်မှန်းခြေ အင်အား ၂၀၀ လောက်ရှိမယ်။ ပျူစောထီးတွေလည်း ပါလာတယ်။ ပသစ (ပြည်သူ့စစ်)တံဆိပ်တွေလည်း တွေ့တယ်”လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ရည်မှန်းချက်ဟာ ကလေး-ဂန့်ဂေါကားလမ်းကိုစိုးမိုးရန်ဖြစ်ပေမယ့် ဒါဟာ လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပတ်သက်သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီအခေါ် ပြည်သူ့စစ်၊ အရပ်ခေါ် ပျူစောထီးများရဲ့ တံဆိပ်

Zalen ad

“သူတို့က ကလေးတောင်ပိုင်းက ငတ်ပြတ်နေတဲ့ ပျူစောထီးရွာတွေကို လမ်းကြောင့်ပွင့်စေချင်တာ။ ဒါကြောင့် ကလေးမြို့က ပျူစောထီးတွေနဲ့အတူ အခုစစ်ကြောင်းထိုးလာတာ။ ဒီသတင်းကို ကျနော်တို့ကြားတာ အတော်ကြာပြီ။ ဒါပေမယ့် ကလေး-နတ်ချောင်း-ဂန့်ဂေါကားလမ်းစိုးမိုးဖို့ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မှာ”လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လ ၁၅ ရက်မနက်ပိုင်းကစပြီး ဝေဟင်၊ မြေပြင်နဲ့ လက်နက်ကြီးပစ်ကူဖြစ် သာစည်ရွာကိုတိုက်ခိုက်ပြီး အခုထိ လူနေအိမ် ၂၀၀ နီးပါး မီးရှို့ခံရကာ ဒေသခံအမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်လို့သေဆုံးပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုးယာဉ်မောင်းတဦးသေဆုံးခဲ့တာကြောင့် ပိတ်ထားတဲ့ အိန္ဒိယ-မြန်မာနယ်စပ်လမ်းပြန်ဖွင့်ပြီ

ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၆ Zalen အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်ဘက်ခြမ်းကနေ ပိတ်ထားတဲ့ နယ်စပ်လမ်းများကို လောင်တလိုင် ခရိုင် အုပ်ချုပ်ရေးမှူးက ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်ကနေစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ လောင်တလိုင်ခရိုင် နဲ့  မြန်မာ ( ...

ဆက်ဖတ်ရန်