အသံထက်မြန်ပြီး နျူဒုံး ၁၅ လုံးတင်ဆောင်နိုင်တဲ့ ရုရှားဗုံးကြဲလေယာဉ် ယူကရိန်းဒရုန်းလက်ချက်ကြောင့် မီးလောင်ပေါက်ကွဲ

 ဩဂုတ် ၂၀ ရက်နေ့က ရုရှားနိုင်ငံ နော့ဗ်ဂိုရော့ဒ်အိုဘလက်အရပ် ဆိုလ်တစီ စစ်လေယာဉ်ကွင်းမှာ ရပ်ထားတဲ့ ဒေါ်လာသန်းပေါင်းများစွာတန် နျူကလီးယားဒုံးတင်ဆောင်နိုင်ပြီး အသံထက်မြန်တဲ့ TU-22M3 ဗုံးကြဲလေယာဉ်ကို ကာမီကာဇီဒရုန်းနဲ့တိုက်ခိုက်ခံရလို့ မီးလုံးကြီးအဖြစ် ပေါက်ကွဲပျက်စီးသွားတဲ့ ပထမဆုံးဓာတ်ပုံကို အနောက်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

 ဒီလေယာဉ်ကွင်းဟာ ယူကရိန်းနယ်စပ်နဲ့ မိုင် ၅၀၀ အကွာမှာရှိပြီး ရဟတ်ယာဉ်ပုံစံ ကာမီကာဇီဒရုန်းက ပစ်ခတ်တိုက်ခိုက်သွားတာဖြစ်ကြောင်း လေယာဉ်တစ်စီးသာ ပျက်ဆီးသွားပြီး တခြားသေဆုံးထိခိုက်မှု မရှိဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ယူကရိန်း တယ်လီဂရန်ချန်နယ်တစ်ခုကတော့ Tu-22M3 စူပါးဆိုးနစ်ဗုံးကျဲလေယာဉ် ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ ရေးတင်ထားပါတယ်။

ဆိုလ်တစီလေယာဉ်ကွင်းမှာ Tu-22M3 လေယာဉ် အစီး ၆၀ ထားရှိပြီး ယူကရိန်း မာရီယူပို စစ်မျက်နှာပြင်ကို မကြာခဏ ဗုံးသွားကြဲရာမှာ အသုံးပြုကြောင်း၊ အခု ဒရုန်းတိုက်ခိုက်ခံရပြီးနောက် အနည်းဆုံး ၆ စီးကို ကိုလာကျွန်းဆွယ် အိုလန်ညာစစ်လေယာဉ်ကွင်းဆီ ပြောင်းရွှေ့ထားရှိခဲ့ကြောင်း ရုရှားမီဒီယာတွေက ဖော်ပြကြပါတယ်။

Tupolev Tu-22M3 ဗုံးကြဲလေယာဉ်ဟာ ကီလိုမီတာ ၇၀၀၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်လို့ ဥရောပ တစ်လွှားအပြင် အမေရိကန်အရှေ့ဘက်ကမ်းခြေအထိ စစ်ဆင်ရေးဆင်နွှဲနိုင်ကြောင်း၊ kh-15 ရေဒါလွတ် နျူကလီးယား ဒုံးကျည်၊ Kh-22 တာဝေးပစ် ဒုံးကျည် ၁၅ လုံးအထိ တင်ဆောင်ပြီး တစ်နာရီ မိုင် ၁၅၀၀ အလျှင်နဲ့ ပျံသန်းပစ်ခတ်နိုင်စွမ်းရှိကြောင်း သိရှိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် တိမ်းရှောင်ခဲ့ရတဲ့ တီးတိန်မြို့ခံတွေ နေရပ်ပြန်လာ

မေ ၂၂၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်ပြီး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားခဲ့ကြတဲ့ ဒေသခံပြည်သူတွေဟာ ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို ပြန်လည်ဝင်ရောက်လာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ပိုင်းနဲ့ မေလဆန်းပိုင်းကစပြီး တီးတိန်မြို့မှာ ...

ဆက်ဖတ်ရန်