ဆောမြို့နယ်တွင် နွားများကူးစက်ရောဂါဖြစ်ပွားတာကြောင့် ရောင်းချခြင်း၊ ဟင်းပေါ်ခြင်း တားမြစ်ထား

မကွေးတိုင်း၊ ဆောမြို့နယ်နဲ့ အနီးပတ်ဝန်းကျင်တွင် နွားများတွင် သွပ်ရောဂါကူးစက်မှုဖြစ်ပွားနေတာကြောင့် နွားများရောင်းဝယ်ခြင်း၊ ဟင်းပေါ်ခြင်း မပြုလုပ်ကြဖို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က စက်တင်ဘာ ၉ ရက်တွင် အသိပေးကြေညာထားပါတယ်။

Lumpy Skin Disease လို့ခေါ်တဲ့ သွပ်ရောဂါဟာ သေဆုံးမှုနှုန်းနည်းပါးပေမယ့် ကူးစက်မှုနှုန်းမြန်ဆန်တယ်လို့သိရတယ်။ ဒါကြောင့် ထုတ်ပြန်ချက် နောက်ထပ်မထုတ်ပြန်မီအထိ နွားများအား ရောင်းဝယ်ခြင်း နဲ့ ဟင်းပေါ်ခြင်းမပြုလုပ်ကြဖို့ အသိပေးထားပါတယ်။ ပြည်သူလူထူ၏ ကျန်းမာရေးအတွက် အရေးပါတဲ့အတွက် အခုလို အသိပေးစာကို အလေးထားလိုက်နားပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ယောဒေသနဲ့ဆက်စပ်တဲ့ ကလေးမြို့နယ်မှာလည်း ဇူလိုင်လကစပြီး အခုချိန်ထိ ဝက်နာကျကာ ဝက်တွေသေဆုံးမှုများပြားတယ်လို့သိရတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီဟာ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရေးတွက် မတ်လလယ်မှာ လွှတ်တော်ခေါ်မယ်လို့ ကြေညာ

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၆။ Zalen စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့အမတ်တွေနဲ့ လွှတ်တော်သုံးရပ်ကို မတ်လလယ်ကစပြီး ခေါ်ယူမယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းမှာ  ကြေညာလိုက်ပါတယ်။ လာမယ့် မတ် ၁၆ ...

ဆက်ဖတ်ရန်