မီဇိုရမ်တွင် မြန်မာနိုင်ငံသားများထံ ဘိန်းဖြူနဲ့ ကျည်ဆံများဖမ်းမိ

မီဇိုရမ်ပြည်နယ်၊ Saitual ခရိုင်နဲ့ ကျန်ဖိုင်ခရိုင်တွင် မြန်မာနိုင်ငံသားများထံ ဘိန်းဖြူအများအပြားဖမ်းမိပြီး ရှာဟာခရိုင်တွင် ကျည်ဆံများ ဖမ်းမိတယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၄ ရက်တွင် Saitual ခရိုင်မှာ ပြည်နယ်ရဲတပ်ဖွဲ့က ယာဉ်များကိုစစ်ဆေးစဉ် ယာဉ်တစ်စီးပေါ်တွင် ဘိန်းဖြူ ဆပ်ပြာဗူး ၁၂၀ (အလေးချိန် ၁ ဒသမ ၄၅၅)ကိုတွေ့ရှိပြီး ၎င်းယာဉ်မှာလိုက်ပါလာတဲ့ Kapthawlthang (၁၈နှစ်)၊ Thangchinkhup (၂၈နှစ်) တို့ကို ဖမ်းဆီးပြီး မူးယစ်ဥပဒေဖြစ်အရေးယူထားတယ်လို့သိရတယ်။

စက်တင်ဘာ ၁၁ ရက်တွင် ကျန်ဖိုင်မြို့ ရဲတပ်ဖွဲ့က ယာဉ်တစ်စီးကိုစစ်ဆေးစဉ် ကားဘီးအပိုသယ်ဆောင်လာတဲ့တာယာထဲတွင် ဘိန်းဖြူ ဆပ်ပြာဗူး ၃၁ ဗူး (အလေးချိန် ၄၁၀ ဂရမ်)ကိုတွေ့ရှိပြီး Lalthangvunga (၄၇နှစ်) ကိုဖမ်းဆီးကား မူးယစ်ဥပဒေဖြစ် အမှုဖွင့်ထားတယ်လို့သိရတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင် Lawngtlai ခရိုင် Archhuang ကျေးရွာမှ Lawngtlai မြို့ဘက်သို့ဦးတည်မောင်းနှင် လာသော ဆိုင်ကယ် ၃ စီးကို Siaha ခရိုင် Tlangpuikawn တွင် ကြိုတင်သတင်းရရှိထားချက်အရ မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ အာသံ ရိုင်ဖယ်ပူးပေါင်းတပ်ဖွဲ့ တို့မှ ရှာဖွေစစ်ဆေးရာတွင် AK 47 ကျည်ဆံ ၁၈၀၀ တောင့်ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Zalen ad

ကျည်ဆံနှင့်အတူအဖမ်းခံရသူ ၃ ဦးအနက် ၂ ဦးမှာမြန်မာနိုင်ငံသားများဖြစ်ကြပြီး တစ်ဦးမှာ ဒေသခံအမျိုးသားဖြစ်ကာ ၎င်းတို့ ၃ ဦးကိုတရားဉပဒေကြောင်းအရ အရေးယူမှုဆောင်ရွက်နိုင်ရေးအတွက် Siaha မြို့ရဲစခန်း သို့ ပို့ဆောင်ထားကြောင်းသိရတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်