ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မူကြောင့် ဘာသာရေးအဆောက်အဦး ၉၅ လုံး ပျက်စီး

 ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မူကြောင့် ဘာသာရေး အဆောက်အဦး ၉၅ ခု ပျက်စီးခဲ့သည်ဟု ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ် (CHRO) က စက်တင်ဘာ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားပါသည်။

ဘသာရေးအဆောက်အဦး ပျက်စီးမူတွင် ထန်တလန်မြို့နယ် (၃၅) ခု၊ ဟားခါးမြို့နယ်(၁၆) ခု၊ ဖလမ်းမြို့နယ်တွင် (၁၃) ခု၊ ကန်ပက်လက်မြို့နယ်တွင် (၉) ခု၊ မင်းတပ်မြို့နယ်တွင် (၇)ခု၊ တီးတိန်မြို့နယ်တွင် (၆) ခု နှင့် တွန်းဇံမြို့နယ်တွင် (၂) ခု ပျက်စီးပြီး ထန်တလန်မြို့နယ်နဲ့၊ ဟားခါးမြို့နယ်တွင် ပျက်စီးမူ အများဆုံးဟု CHRO အဖွဲ့ထံက သိရသည်။

ထိုအပြင် စစ်ကောင်စီက ချင်းပြည်နယ်ကို လေကြောင်းဖြစ် ၂၀၂၁ ခုနှစ်တွင် (၁)ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် (၂၁)ကြိမ်နဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ (၁၈၂)ကြိမ်၊ စုစုပေါင်း (၂၀၄)ကြိမ် တိုက်ခိုက်မူ ပြုလုပ်ဟု ဆိုပါသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင်း မင်းတပ်မြို့နယ်တွင် အရပ်သားပြည်သူ (၁၄) ဦး၊ ထန်တလန်မြို့နယ်တွင် (၁၂)ဦး၊ ဖလမ်းမြို့နယ် (၉) ဦး သေဆုံးခဲ့ကြောင့် CHRO အဖွဲ့ထံက သိရှိရပါသည်။

Zalen ad

နောက်ဆုံးရသတင်းများ

မီဇိုရမ်မှာ မြန်မာနိုင်ငံသား သုံးဦးထံကနေ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ဘိန်းဖြူများဖမ်းမိ

ဧပြီ ၂၊၂၀၂၆။ Zalen မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင် နဲ့ ကျန်ဖိုင်ခရိုင်တို့မှာ ရူပီး သိန်း ၂၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူများနဲ့အတူ မြန်မာနိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့နဲ့ဒေသတွင်းသတင်းများထံကနေသိရပါတယ်။ မနေ့က ဧပြီလ ၁ ရက်နေ့ ...

ဆက်ဖတ်ရန်