CDF-ထန်တလန် ထိန်းချုပ်နယ်မြေတွင် ဒုတိယအကြိမ် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကျင်းပ

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-ထန်တလန် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအုပ်ချုပ်ရေမှူးများနဲ့ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ဒုတိယအကြိမ်တွေ့ဆုံပွဲကို နိုဝင်ဘာလာ ၂၉ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပခဲ့ကြပါတယ်။

ယင်းအစည်းအဝေးမှာ လမ်းပန်းဆက်သွယ်ရေး၊ တရားစီရင်ရေး၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနဲ့ ကျေးရွာအတွင်းအုပ်ချုပ်ရေးလုပ်ငန်းများ မှန်မှန်ကန်ကန်လည်ပတ်နိုင်အောင် အဓိကထားပြီး ဆောင်ရွက်ခဲ့ကြောင်း ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ကျေးရွာအုပ်ရေးမှူးများကို လူထုမှ အများသဘောထားဆန္ဒအတိုင်းရွေးချယ်ရပြီး တာဝန်ထမ်းဆောင်ချိန် သက်တမ်းတစ်နှစ်ချမှတ်ထားပါတယ်။

ထန်တလန်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို နိုဝင်ဘာလ ၂၀၂၁ ခုနှစ်တွင် CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ ၅၁ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ယခုနှစ် နိုဝင်ဘာလတွင် သက်တမ်းတစ်နှစ်ပြည့်ခဲ့ပါပြီ။

နောက်ဆုံးရသတင်းများ

စစ်သင်တန်းတက်ရန် အရာတော်ကိုသွားတဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စကစ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၂၀ ခန့်သေဆုံး၊ ၅၀ နီးပါးအရှင်ဖမ်းမိ

၁၄၊ ဧပြီ၊၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ စစ်ကောင်စီ စစ်မှုထမ်းရန် သင်တန်းတက်ဖို့ အရာတော်မြို့ကိုသွားတဲ့ စစ်ယာဉ် တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၁၂ ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီး ၁ ဦး အပါအဝင် သင်တန်းသား ၂၀ ...

ဆက်ဖတ်ရန်