CDF-Matupi စခန်းတစ်ခု စီးနင်းခံရစဉ် တစ်ဦးကျဆုံး

ချင်းပြည်နယ်၊ မင်းတပ်-မတူပီကြားတွင် ရှိသော CDF-Matupi ရဲ့ စခန်းတစ်ခုကို စစ်ကောင်စီတပ်သားများက မေလ ၁ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင်ဝင်ရောက်စီးနင်းခံခဲ့ရစဉ် CDF-Matupi ရဲဘော်တစ်ဦး ကျဆုံးကာ နောက်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

CDF-Matupi ရဲ့စခန်းကို ခလရ ၃၀၄ တပ်ရင်းကနေ မှန်ပြောင်းဖြင့် ကြည့်ပြီး ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ထိုကဲ့သို့ ဝင်ရောက် စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ CDF-Matupi အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် အကျအဆုံးများ ရှိနိုင်ပါတယ်။

မနေ့ည ၁၁ နာရီကနေ ၁၂ နာရီကြား မတူပီမြို့ကနေ စီးနင်းခံရတဲ့ CDF-Matupi စခန်းဘက်သို့ စစ်ကား ခေါက်တုံ့ခေါက်ပြန်သွားလာခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“မနေ့ည ၁၁ ကနေ ၁၂ နာရီအကြား လည်မြိုမြစ်ဘက်ကို စစ်ကားများစွာ အသွားအလာနဲ့ ရှုပ်နေတာပဲ၊ ကျွန်မတို့ အိပ်လို့တောင် မရဘူး။ စစ်ကောင်စီက အထိနာလို့ ထိခိုက်ခံရတဲ့ စစ်သားတွေကို သွားသယ်တာလား ဒါမှမဟုတ် အင်းအားပဲ ထပ်ဖြည့်တာလားဆိုတာကတော့ မပြောတက်ဘူး” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

ကျဆုံးသွားခဲ့သော ရဲဘော်အတွက် ဝမ်းနည်းကြောင်း CDF-Matupi က ဒီကနေ့ စာထုတ်ပြန်ခဲ့ပါတယ်။ ကျဆုံးသွားသော ရဲဘော်ဟာ ဆယ်တန်းအောင်ပြီးသား လူငယ်တစ်ဦးဖြစ်ကြောင်းလည်း သိရပါတယ်။

Zawgyi

CDF-Matupi စခန္းတစ္ခု စီးနင္းခံရစဥ္ တစ္ဦးက်ဆံုး

ခ်င္းျပည္နယ္၊ မင္းတပ္-မတူပီၾကားတြင္ ရွိေသာ CDF-Matupi ရဲ႕ စခန္းတစ္ခုကို စစ္ေကာင္စီတပ္သားမ်ားက ေမလ ၁ ရက္ေန႔ ညေနပိုင္း ၅ နာရီခန႔္တြင္ဝင္ေရာက္စီးနင္းခံခဲ့ရစဥ္ CDF-Matupi ရဲေဘာ္တစ္ဦး က်ဆုံးကာ ေနာက္တစ္ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရပါတယ္။

CDF-Matupi ရဲ႕စခန္းကို ခလရ ၃၀၄ တပ္ရင္းကေန မွန္ေျပာင္းျဖင့္ ၾကည့္ၿပီး ဝင္ေရာက္စီးနင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ထိုကဲ့သို႔ ဝင္ေရာက္ စီးနင္းခံရၿပီးေနာက္ စစ္ေကာင္စီတပ္နဲ႔ CDF-Matupi အၾကား တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီဘက္ အက်အဆုံးမ်ား ရွိႏိုင္ပါတယ္။

မေန႔ည ၁၁ နာရီကေန ၁၂ နာရီၾကား မတူပီၿမိဳ႕ကေန စီးနင္းခံရတဲ့ CDF-Matupi စခန္းဘက္သို႔ စစ္ကား ေခါက္တုံ႔ေခါက္ျပန္သြားလာခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

“မေန႔ည ၁၁ ကေန ၁၂ နာရီအၾကား လည္ၿမိဳျမစ္ဘက္ကို စစ္ကားမ်ားစြာ အသြားအလာနဲ႔ ရႈပ္ေနတာပဲ၊ ကြၽန္မတို႔ အိပ္လို႔ေတာင္ မရဘူး။ စစ္ေကာင္စီက အထိနာလို႔ ထိခိုက္ခံရတဲ့ စစ္သားေတြကို သြားသယ္တာလား ဒါမွမဟုတ္ အင္းအားပဲ ထပ္ျဖည့္တာလားဆိုတာကေတာ့ မေျပာတက္ဘူး” ဟု ေဒသခံတစ္ဦးက ေျပာပါတယ္။

က်ဆုံးသြားခဲ့ေသာ ရဲေဘာ္အတြက္ ဝမ္းနည္းေၾကာင္း CDF-Matupi က ဒီကေန႔ စာထုတ္ျပန္ခဲ့ပါတယ္။ က်ဆုံးသြားေသာ ရဲေဘာ္ဟာ ဆယ္တန္းေအာင္ၿပီးသား လူငယ္တစ္ဦးျဖစ္ေၾကာင္းလည္း သိရပါတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်မှာ သူငယ်ချင်း အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားပြီး ချင်းအမျိုးသားတစ်ဦး သေဆုံး

၁၈၊ မေလ၊ ၂၀၂၄ Zalen အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ Lake Arrowhead ဒေသမှာ ချင်းလူမျိုး သူငယ်ချင်း အချင်းချင်း ကြား မေလ ၁၃ ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ပြီး Salai Sai ...

ဆက်ဖတ်ရန်