CNO/CNDFထံရဲတပ်ကြပ်ကြီးအပါဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးအလင်းဝင်

၁၊ဇွန်၊၂၀၂၄

Zalen

ချင်းပြည်နယ်၊ဖလမ်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ဦးဟာ CNO/CNDFထံ အလင်းဝင်လာတယ်လို့ သိရပါတယ်။

ယမန်နေ့ မေလ ၃၁ရက်နေ့မှာ ဖလမ်းမြို့ရှိ စစ်တပ်လက်အောက်ခံ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း၊ရဲတပ်သား ဟိန်းထက်စံ၊ ရဲတပ်သား ဟွာခန့်စိန်တို့ အလင်းဝင်လာတာဖြစ်တယ်လို့ CNOကထုတ်ပြန်ထားပါတယ်။

Zalen ad

အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်များမှ G3သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၆လုံး၊ 7.62ကျည်ဆံ ၂၉၀တောင့်နှင့် ကျည်ဘောက် ၃ခုဖြင့် အလင်းဝင်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဦးကို လုံခြုံတဲ့နေရာဖြစ်တဲ့ လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

သတင်း-HAK

နောက်ဆုံးရသတင်းများ

စစ်တပ်က ခမ်းပါတ်မြို့အတွင်း လူနေအိမ်၊ ဆိုင်ခန်းတွေက တန်ဖိုးရှိပစ္စည်းများကို ခိုးယူနေ

ဇူလိုင် ၉၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှာ စစ်တပ်က တိုက်ပွဲအတွင်း လူနေအိမ်နဲ့ ဆိုင်းခန်းတွေမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအဆိုအရသိရပါတယ်။ ပြီးခဲ့တဲ့အပတ်က ခမ်းပါတ်မြို့မှာတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုက နေအိမ်တချို့နဲ့ ဆိုင်ခန်းတချို့မှာ တန်ဖိုးပစ္စည်းများကို ...

ဆက်ဖတ်ရန်