Covid-19 ကြောင့် ကြပ်ကြာရ်ကုသ်ပွဲ ကျင်းပမယ့်ကိစ္စ ပြန်လည်ဆွေးနွေးမယ်

ကလေးမြို့ တာဟန်းရပ်ကွက်တွင် ကျင်းပမယ့် တတိယအကြိမ်မြောက် ကြပ်ကြာရ်ကုသ်ပွဲတော်ကို ကိုရိုနာဗိုင်းရစ်ပ်ရောဂါ နဲ့ ဖိတ်ကြားထားတဲ့ ပြည်ပအထူးဧည့်သည်တော်တွေ တက်ရောက်လာမှာမဟုတ်တဲ့တွက် ပြန်လည်ဆွေးနွေးကြမယ်လို့ တာဝန်ရှိသူတွေထံမှသတင်းရရှိပါတယ်။

ဒီနှစ် ကြပ်ကြာရ်ကုသ်ပွဲတော်ကို ဧပြီလ (၉)ရက်မ (၁၀)ရက်နေ့အထိ တာဟန်းဘောလုံးကွင်းတွင် ကျင်းပဖို့ စီစဉ်ထားတာဖြစ်တယ်။ ယင်းပွဲတော်သို့ အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုရမ်းထန်ငါ နဲ့အဖွဲ့တွေ၊ ခရီးသွားလာရေးဝန်ကြီး ပူးရိုဘတ် ရိုမောယာ တို့ကိုဖိတ်ကြားထားပေမယ့် ကူးစက်မြန်ရောဂါကြောင့် ပွဲသို့တက်ရောက်လာနိုင်မှာမဟုတ်ကြောင်း စာပြန်ထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပွဲစီစဉ်တဲ့ Mizo Welfare Organization (MWO) ဥက္ကဌ ပူးထန်ငါက “ပွဲမလုပ်တော့ဘူးဆိုတဲ့ အစည်းအဝေးဆုံးဖြတ်ချက်တော့မရှိသေးဘူး။ ဒါပေမယ့် သေချာတာကတော့ အထူးဧည့်သည်တွေ မလာဘူးဆိုတာပဲ။ ကျင်းပမလာ၊ ဆက်လုပ်မလာဆိုတာ ဒီပတ် တနင်္ဂနွေနေ့မှာ အစည်းအဝေးပြန်ထိုင်မယ်။ ပြီးတော့ အစိုးရဘက်က တားမြစ်မလားဆိုတာမပြောနိုင်သေးဘူး။ ပွဲမိန့်တော့ယူထားပြီ။ တချို့က ပြည်တွင်းကလူတွေနဲ့ပဲကျင်းပချင်တဲ့လူရှိသလို ပြန်မလုပ်တော့ဘူးဆိုတဲ့သူတွေလည်းရှိတယ်” လို့ပြောပါတယ်။

MWO အသင်းရဲ့ အားကစားဘက်ဦးဆောင်သူ ပူးချွမ်ကိမ်းမာက “အစိုးရဘက်က ဒီပွဲတော့မလုပ်ကြနဲ့လို့မတားရင် ပြည်တွင်းကလူတွေနဲ့ပဲဆက်လုပ်မယ်” လို့ပြောပါတယ်။

မြန်မာနိုင်ငံ ပြည်ထောင်စု ကျန်းမာရေးနှင့် ကားကစားဝန်ကြီးဌာနက Covid-19 ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစုလူဝေးများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြဖို့ ဖေဖော်ဝါရီလက ထုတ်ပြန်ထားပါတယ်။

(Zawgyi)

Covid-19 ေၾကာင့္ ၾကပ္ၾကာရ္ကုသ္ပြဲ က်င္းပမယ့္ကိစၥ ျပန္လည္ေဆြးေႏြးမယ္

ကေလးၿမိဳ႕ တာဟန္းရပ္ကြက္တြင္ က်င္းပမယ့္ တတိယအႀကိမ္ေျမာက္ ၾကပ္ၾကာရ္ကုသ္ပြဲေတာ္ကို ကို႐ိုနာဗိုင္းရစ္ပ္ေရာဂါ နဲ႔ ဖိတ္ၾကားထားတဲ့ ျပည္ပအထူးဧည့္သည္ေတာ္ေတြ တက္ေရာက္လာမွာမဟုတ္တဲ့တြက္ ျပန္လည္ေဆြးေႏြးၾကမယ္လို႔ တာဝန္ရွိသူေတြထံမွသတင္းရရွိပါတယ္။

ဒီႏွစ္ ၾကပ္ၾကာရ္ကုသ္ပြဲေတာ္ကို ဧၿပီလ (၉)ရက္မ (၁၀)ရက္ေန႔အထိ တာဟန္းေဘာလုံးကြင္းတြင္ က်င္းပဖို႔ စီစဥ္ထားတာျဖစ္တယ္။ ယင္းပြဲေတာ္သို႔ အိႏၵိယႏိုင္ငံ မီဇိုးရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုရမ္းထန္ငါ နဲ႔အဖြဲ႕ေတြ၊ ခရီးသြားလာေရးဝန္ႀကီး ပူး႐ိုဘတ္ ႐ိုေမာယာ တို႔ကိုဖိတ္ၾကားထားေပမယ့္ ကူးစက္ျမန္ေရာဂါေၾကာင့္ ပြဲသို႔တက္ေရာက္လာႏိုင္မွာမဟုတ္ေၾကာင္း စာျပန္ထားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ပြဲစီစဥ္တဲ့ Mizo Welfare Organization (MWO) ဥကၠဌ ပူးထန္ငါက “ပြဲမလုပ္ေတာ့ဘူးဆိုတဲ့ အစည္းအေဝးဆုံးျဖတ္ခ်က္ေတာ့မရွိေသးဘူး။ ဒါေပမယ့္ ေသခ်ာတာကေတာ့ အထူးဧည့္သည္ေတြ မလာဘူးဆိုတာပဲ။ က်င္းပမလာ၊ ဆက္လုပ္မလာဆိုတာ ဒီပတ္ တနဂၤေႏြေန႔မွာ အစည္းအေဝးျပန္ထိုင္မယ္။ ၿပီးေတာ့ အစိုးရဘက္က တားျမစ္မလားဆိုတာမေျပာႏိုင္ေသးဘူး။ ပြဲမိန႔္ေတာ့ယူထားၿပီ။ တခ်ိဳ႕က ျပည္တြင္းကလူေတြနဲ႔ပဲက်င္းပခ်င္တဲ့လူရွိသလို ျပန္မလုပ္ေတာ့ဘူးဆိုတဲ့သူေတြလည္းရွိတယ္” လို႔ေျပာပါတယ္။

MWO အသင္းရဲ႕ အားကစားဘက္ဦးေဆာင္သူ ပူးခြၽမ္ကိမ္းမာက “အစိုးရဘက္က ဒီပြဲေတာ့မလုပ္ၾကနဲ႔လို႔မတားရင္ ျပည္တြင္းကလူေတြနဲ႔ပဲဆက္လုပ္မယ္” လို႔ေျပာပါတယ္။

ျမန္မာႏိုင္ငံ ျပည္ေထာင္စု က်န္းမာေရးႏွင့္ ကားကစားဝန္ႀကီးဌာနက Covid-19 ကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လူစုလူေဝးမ်ား၊ ပြဲလမ္းသဘင္မ်ား မျပဳလုပ္ၾကဖို႔ ေဖေဖာ္ဝါရီလက ထုတ္ျပန္ထားပါတယ္။

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်