Falam Pawlpi Falam ဦးဆောင်စီစဉ်ပေးမှုဖြင့် ကလေးမြို့မှ ဖလမ်းစစ်‌ဘေးရှောင်အချို့ နေရပ်ပြန်

မေ ၂၀၊ ၂၀၂၆

Zalen

Zalen ad

ဖလမ်းမြို့မှ လွန်ခဲ့သော ၂နှစ်အတွင်းက ကလေးမြို့ဘက်သို့ စစ်ဘေး‌ရှောင်ခဲ့ကြသော ဖလမ်းမြို့သူ/သားများ နေရပ်ပြန်နိုင်ရေးတွက် Falam Pawlpi Falam မှ ဦးဆောင်စီစဉ်ပေးမှုဖြင့် ပြည်သူအချို့နဲ့ အစိုးရဝန်ထမ်း အပါအဝင် ၎င်းတို့ရဲ့မိသားစုဝင်များဟာ ဒီနေ့ မေလ ၂၀ရက်နေ့ မနက်ပိုင်းကစပြီး ဒုတိယသုတ်အနေဖြင့် ဖလမ်းမြို့သို့ ပြန်လည်ထွက်ခွာလာကြတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

စစ်ကောင်စီဟာ ကလေးဒေသဘက်သို့ စစ်ဘေးရှောင်ရောက်ရှိနေသော အစိုးရဝန်ထမ်း ၁၀၀ကျော်ကို ကနဦးနေရပ်ပြန်ခိုင်းပြီး မြို့ထဲ့သန့်ရှင်းရေးများပြုလုပ်ပြီးနောက် ဖလမ်းမြို့ခံ Falam Pawlpiအဖွဲ့များနဲ့ ချိတ်ဆက်လျက် ဒေသခံ ပြည်သူတွေ နေရပ်ပြန်နိုင်ရေးကို စီစဉ်ပေးနေခြင်းဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်တွင် အစိုးရဝန်ထမ်းမဟုတ်တဲ့ ပြည်သူများကို ဦးစားပေးမှာဖြစ်ပြီး ထိုထဲမှ အလုပ်အကိုင်မရှိသူများနဲ့ ငွေကြေးအခက်အခဲရှိသူများကို ဦးစားပေးခေါ်ဆောင်မည်လို့ ဆိုထားပါတယ်။

Falam Pawlpi မှ ကား၃စီးစီစဉ်ပေးထားပြီး လိုက်ပါမည့်စစ်ရှောင်ပြည်သူများက သွားလာရာလမ်းစရိတ်များ ကိုတော့ မိမိတို့ကိုယ်တိုင်ကျခံရမှာဖြစ်ပါတယ်။

ဒေသခံအမျိုးသမီးတဦးမှလည်း “ ကျမတို့တော့ ဖလမ်းမပြန်ဖြစ်သေးပါဘူး၊ လက်ရှိကျောင်းဖွင့်ချိန် ရောက်တာရယ် ပြန်လည်း ကုန်ကျမဲ့စရိတ်တွေရယ်နဲ့မို့ အဖွဲ့အစည်းက စီစဉ်ပေးတယ်ဆိုတာကလည်း မိသားစုတစုကို အိတ်၃အိတ်လောက်သယ်ခွင့်ပေးတာပါ၊ ကျမတို့ စစ်ရှောင်တုန်းက ကားကြီး သိန်း၂၀ နီးပါးကုန်ကျခံဌားပြီး တအိမ်လုံးရှိသမျှ ပစ္စည်းသယ်ရွှေ့လာရတာဆိုတော့ ခုပြန်ဖို့ကအဆင်မပြေပါဘူးလို့” သူမက ဆိုပါတယ်။

သူမက နေရပ်ပြန်ကြတယ်ဆိုတာက အပြောလွယ်သလောက် လက်တွေ့မှာတော့ ဗုံးဒဏ်ကြောင့် ပျက်စီးထိခိုက်မှုတွေ အများကြီးရှိပါတယ် အဲ့နေရာတွေပြင်ဆင်ဖို့ မိမိကိုယ်တိုင်ပဲကြိုးစားရမှာပါ ဘယ်သူက အကုန်ကြခံလာပြင်ပေးမလဲနော် ခုလိုအကြောင်းတွေနဲ့မို့ လက်ရှိတော့ နေရပ်ပြန်ရေးဟာ သူမတွက်တော့ ခက်ခဲနေဆဲပါလို့ ထပ်ဖြည့်ပြောလာပါတယ်။

အဆိုပါ နေရပ်ပြန်သူများထဲတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ အစိုးရဝန်ထမ်းများ၊ ၎င်းတို့ရဲ့ မိသားစုဝင်များနဲ့ နီးစပ်ရာဒေသခံအချို့ ပိုမိုလိုက်ပါခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

စစ်ကောင်စီဟာ အစိုးရတရပ်ရဲ့ လုပ်ဆောင်နိုင်မှုကို အကောင်အထည်ဖော်ဆောင်ရန် မြို့အင်္ဂါရပ်နဲ့ညီစေဖို့ မေလမကုန်ခင် ကျောင်းဖွင့်ချိန်ရာသီဖြစ်တာနဲ့အညီ ကျောင်းများ၊ ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စိုင်းပြင်း နေပါတယ်။

မိုင်

ဓာတ်ပုံ-လူမှုကွန်ယက်

#ဖလမ်းမြို့

#စစ်ဘေးရှောင်ပြည်သူများ#ရွှေ့ပြောင်း#FalamPawlpi#စစ်ကောင်စီ #Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့သောက်သုံးရေအတွက် အဓိကအားထားရတဲ့ လိုင်ဗားဆည် ရေထိန်းဘားဖောက်ခံရမှုဖြစ်ပွား

မေ ၂၀၊ ၂၀၂၆ Zalen ချင်းပြည်နယ်အတွက် ဒေသတွင်းရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ဖလမ်း-ဟားခါးလမ်းပိုင်း တလန်ဇာရ်ကျေးရွာအနီးတွင်တည်ရှိတဲ့ လိုင်ဗားဆည်ရေထိန်းတံခါးကို မနေ့က မေလ ၁၉ရက်နေ့တွင် ရေထိန်းဘားဖောက်ချခံရတဲ့ သတင်းများထွက်ပေါ်လာပါတယ်။ အဆိုပါ ဆည်ဟာ ဖလမ်းမြို့နဲ့ မြို့အနီးတဝိုက်ကကျေးရွာတွေတွက် သောက်သုံးရေအပြင် ...

ဆက်ဖတ်ရန်