ကုလားတန်မြစ်ရေတက်လို့ပလက်ဝမြို့အချို့နေရာရေလွှမ်း၊ စက်လှေအသွားအလာအားလုံးရပ်ဆိုင်း
တစ်ပတ်နီးပါးအဆက်မပျက်မိုးရွာလို့ ကုလားတန်မြစ်ရေတက်တာကြောင့် ပလက်ဝမြို့မြေနိမ့်ပိုင်းရှိ လူနေအိမ်(၁၀)အိမ်ကျော်မှ မိသားစုများဘေးလွှတ်ရာသို့ပြောင်းရွှေ့နေရပါတယ်။ ကုလားတန်မြစ်ရေဟာ အရင်ပတ် စနေနေ့ကစပြီး မြစ်ရေတက်လာပြီး မနေ့ည ကနေစပြီး ရပ်ကွက်ထဲရေလွှမ်းလာတာဖြစ်ပါတယ်။…

