ZRA က PDF-Zoland ဦးဆောင်သူတစ်ယောက်ကို နေအိမ်မှာသေနတ်နဲ့ပစ်သတ်

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်ရပ်ကွက်မှာနေထိုင်တဲ့ PDF-Zoland အဖွဲ့ရဲ့ တီးတိန်မြို့နယ်တာဝန်ခံ ဦးကျင်ရှန်ဆုမ် (၃၈)နှစ်ကို ဒီမနက် ဒီဇင်ဘာ ၅ ရက် မနက် ၄ နာရီလောက်တွင် ZRA တပ်သားနှစ်ယောက်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သတင်းရရှိပါတယ်။

PDF-Zoland ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “မနေ့က ဦးကျင်ရှန်ဆုမ်နဲ့ မြန်မာပြည်ဆိုင်ရာ ZRA အကြီးအကဲ ဆရာပါမာန်တို့ ဖုန်းနဲ့စကားပြောကြတယ်။ သူတို့စခန်းကို လာခဲ့ပါလို့ဖိတ်တယ်။ ဒါပေမယ့် ဦးကျင်ရှန်ဆုမ်က ဂေါက်ရှိတော့မလာနိုင်ဘူးတဲ့။ ZRAဘက်က ကြောက်တယ်ဆိုရင် ပါစတာ ၂ ယောက်လောက်နဲ့အတူလာခဲ့ပါတဲ့။ ရာသီဥတုကလည်းအေးတော့မလာနိုင်ဘူးလို့ငြင်းလိုက်တယ်။ ဒါနဲ့ ဆရာပါမာန်က ဒီလောက်ဆိုရပြီ ကျနော်တို့လုပ်စရာရှိတာဆက်လုပ်မယ်တဲ့။ ဦးကျင်ရှန်ဆုမ်က တော်တော်စိတ်မကောင်းဘူး။ ဒါကြောင့် မနေ့ညကို သူ့အိမ်မှာမအိပ်ပဲ သူ့အမအိမ်အောက်ထပ်မှာသွားတာ။ ဒီမနက်ပိုင်းမှာ ZRA ၂ယောက်ကလာလုပ်ကြံသွားတယ်။ သူ့အမက မနက် ၄ နာရီလောက်မှာ ကျမ မောင်လေးကို ZRA တွေလာသတ်သွားတယ်ကူညီကြပါအုံးဆိုပြီး ဆွေမျိုးတွေကိုဖုန်းလိုက်ဆက်ပေမယ့် ညမထွက်ရအမိန့်ရှိလို့ ဘယ်သူမှချက်ချင်းမသွားနိုင်ကြဘူး” လို့ပြောပါတယ်။

ဇိုမီးဖက်ဒရယ်အစည်းအရုံး PDF-Zoland ရဲ့ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် Pa Cin Sian Suum အား ဝမ်းနည်းစွာ အလေးပြုခြင်းစာထဲမှာ “ဤကဲ့သိုမတရားသတ်ဖြတ်ရခြင်း အကြောင်းအရင်းအား စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ပြီး တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်” လို့ဖော်ပြထားပါတယ်။

ဆက်လက်ပြီး PDF-Zoland ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “သူ့ကိုဘာကြောင့်သတ်တာလဲဆိုရင် ZRA လူ ကိုကိမ်းသွောင် ကလေးနဲ့ သိုင်းငင်းကြားမှာပျောက်တဲ့ကိစ္စနဲ့ ပြဿနာရှာတာ။ ကျနော်တို့အဖွဲ့နဲ့မသက်ဆိုင်ကြောင်းစာလည်းကြေညာချက်ထုတ်ပြန်ထားပြီးသားပါ။ နိုဝင်ဘာ ၂ ရက်မှာ ကျီးခါးမှာ တပ်နဲ့ ZRA တွေ့ကြတယ်။ ZCD MP Pu Pau Lun Min Thang လည်းပါတယ်” လို့ပြောပါတယ်။

ZRA ရဲ့ ဇိုနိုင်ငံ Charter စာတမ်းကို ကလေးမြို့ကနေသယ်ဆောင်လာတဲ့ ကိုကိမ်းသွောင်ကို ကလေး-သိုင်းငင်းကြားမှာ လက်နက်ကိုင်တစ်စုက နိုဝင်ဘာ ၂၉ ရက်တွင် ဖမ်းဆီးထားတယ်လို့ ZRA (အရှေ့ပိုင်းတိုင်း)က နိုဝင်ဘာလ ၂၉ ရက်တွင်ထုတ်ပြန်ထားပါတယ်။

ZRA တပ်ဖွဲ့ဟာ အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားတဲ့အဖွဲ့ဖြစ်ပြီး အရင်ကလည်း PDA, PDF-Zoland, နဲ့ PDF -Hualngo ကိုသွားရောက်တိုက်ခိုက်ပြီး ဖမ်းဆီးထားတဲ့လူငယ်တွေကိုရိုက်နှိက်ခဲ့လို့ PDF -Hualngo တပ်ကလူငယ်တစ်ဦး ဒုက္ခတဘဝရောက်ခဲ့ပါတယ်။

Zawgyi

ZRA က PDF-Zoland ဦးေဆာင္သူတစ္ေယာက္ကို ေနအိမ္မွာေသနတ္နဲ႔ပစ္သတ္

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕ စေကာလမ္ရပ္ကြက္မွာေနထုိင္တဲ့ PDF-Zoland အဖြဲ႔ရဲ႕ တီးတိန္ၿမိဳ႕နယ္တာဝန္ခံ ဦးက်င္ရွန္ဆုမ္ (၃၈)ႏွစ္ကို ဒီမနက္ ဒီဇင္ဘာ ၅ ရက္ မနက္ ၄ နာရီေလာက္တြင္ ZRA တပ္သားႏွစ္ေယာက္က ေသနတ္နဲ႔ပစ္သတ္သြားတယ္လုိ႔ သတင္းရရွိပါတယ္။

PDF-Zoland ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “မေန႔က ဦးက်င္ရွန္ဆုမ္နဲ႔ ျမန္မာျပည္ဆုိင္ရာ ZRA အၾကီးအကဲ ဆရာပါမာန္တို႔ ဖုန္းနဲ႔စကားေျပာၾကတယ္။ သူတို႔စခန္းကို လာခဲ့ပါလို႔ဖိတ္တယ္။ ဒါေပမယ့္ ဦးက်င္ရွန္ဆုမ္က ေဂါက္ရွိေတာ့မလာႏိုင္ဘူးတဲ့။ ZRAဘက္က ေၾကာက္တယ္ဆုိရင္ ပါစတာ ၂ ေယာက္ေလာက္နဲ႔အတူလာခဲ့ပါတဲ့။ ရာသီဥတုကလည္းေအးေတာ့မလာႏိုင္ဘူးလို႔ၿငင္းလုိက္တယ္။ ဒါနဲ႔ ဆရာပါမာန္က ဒီေလာက္ဆုိရၿပီ က်ေနာ္တို႔လုပ္စရာရွိတာဆက္လုပ္မယ္တဲ့။ ဦးက်င္ရွန္ဆုမ္က ေတာ္ေတာ္စိတ္မေကာင္းဘူး။ ဒါေၾကာင့္ မေန႔ညကို သူ႔အိမ္မွာမအိပ္ပဲ သူ႔အမအိမ္ေအာက္ထပ္မွာသြားတာ။ ဒီမနက္ပိုင္းမွာ ZRA ၂ေယာက္ကလာလုပ္ၾကံသြားတယ္။ သူ႔အမက မနက္ ၄ နာရီေလာက္မွာ က်မ ေမာင္ေလးကို ZRA ေတြလာသတ္သြားတယ္ကူညီၾကပါအံုးဆိုၿပီး ေဆြမ်ဳိးေတြကိုဖုန္းလုိက္ဆက္ေပမယ့္ ညမထြက္ရအမိန္႔ရွိလုိ႔ ဘယ္သူမွခ်က္ခ်င္းမသြားႏိုင္ၾကဘူး” လို႔ေျပာပါတယ္။

ဇိုမီးဖက္ဒရယ္အစည္းအ႐ုံး PDF-Zoland ရဲ႕ ဒီကေန႔ ဒီဇင္ဘာ ၅ ရက္ေန႔တြင္ Pa Cin Sian Suum အား ဝမ္းနည္းစြာ အေလးျပဳျခင္းစာထဲမွာ “ဤကဲ့သိုမတရားသတ္ျဖတ္ရျခင္း အေၾကာင္းအရင္းအား စုံစမ္းေဖာ္ထုတ္သြားမည္ျဖစ္ၿပီး တရားမၽွတမႈရရွိသည္အထိ ဆက္လက္ေဆာင္ရြက္ သြားမည္ျဖစ္သည္” လို႔ေဖာ္ျပထားပါတယ္။

ဆက္လက္ၿပီး PDF-Zoland ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “သူ႔ကိုဘာေၾကာင့္သတ္တာလဲဆိုရင္ ZRA လူ ကိုကိမ္းေသြာင္ ကေလးနဲ႔ သိုင္းငင္းၾကားမွာေပ်ာက္တဲ့ကိစၥနဲ႔ ျပႆနာရွာတာ။ က်ေနာ္တို႔အဖြဲ႔နဲ႔မသက္ဆုိင္ေၾကာင္းစာလည္းေၾကညာခ်က္ထုတ္ျပန္ထားၿပီးသားပါ။ ႏိုဝင္ဘာ ၂ ရက္မွာ က်ီးခါးမွာ တပ္နဲ႔ ZRA ေတြ႔ၾကတယ္။ ZCD MP Pu Pau Lun Min Thang လည္းပါတယ္” လုိ႔ေျပာပါတယ္။

ZRA ရဲ႕ ဇိုႏိုင္ငံ Charter စာတမ္းကို ကေလးၿမိဳ႕ကေနသယ္ေဆာင္လာတဲ့ ကိုကိမ္းေသြာင္ကို ကေလး-သိုင္းငင္းၾကားမွာ လက္နက္ကိုင္တစ္စုက ႏိုဝင္ဘာ ၂၉ ရက္တြင္ ဖမ္းဆီးထားတယ္လို႔ ZRA (အေရွ႕ပိုင္းတုိင္း)က ႏိုဝင္ဘာလ ၂၉ ရက္တြင္ထုတ္ျပန္ထားပါတယ္။

ZRA တပ္ဖြဲ႔ဟာ အိႏိၵယအစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ခ်ဳပ္ဆုိထားတဲ့အဖြဲ႔ျဖစ္ၿပီး အရင္ကလည္း PDA, PDF-Zoland, နဲ႔ PDF -Hualngo ကိုသြားေရာက္တုိက္ခိုက္ၿပီး ဖမ္းဆီးထားတဲ့လူငယ္ေတြကိုရိုက္ႏွိက္ခဲ့လုိ႔ PDF -Hualngo တပ္ကလူငယ္တစ္ဦး ဒုကၡတဘဝေရာက္ခဲ့ပါတယ္။

 

 

နောက်ဆုံးရသတင်းများ

နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် PADC ကို PC ဟု ပြောင်းလဲဖွဲ့စည်း

၂၆၊ ဧပြီလ၊ ၂၀၂၄ Zalen နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ပလက်ဝစုံညီ ညီလာခံတွင် ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီကို(PADC)ကို ပလက်ဝကောင်စီ (CP) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၆ ...

ဆက်ဖတ်ရန်