ကလေးမြို့တောင်ဘက် ဒီမနက် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ် ၅ ယောက်သေဆုံး

ကလေးမြို့နယ် ကြံသာကျေးရွာကနေ ခြေလျင်လျှောက်လာတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို PDF (Kalay) တပ်ဖွဲ့က ဒီမနက် ၇ နာရီ ၄၅ အချိန်တွင် အနီးကပ်ခြုံခိုတိုက်ခိုက်ရာ အာဏာသိမ်း စစ်တပ် ၅ ယောက်သေဆုံးသွားတယ်လို့ PDF (Kalay)က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်ချိန် မိနစ် ၂၀ သာကြာမြင့်ပြီး အထိအခိုက်မရှိပဲ PDF (Kalay) တပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာကြပါတယ်။ PDF (Kalay) တပ်ဖွဲ့တွေ ဘေးကင်းလုံခြုံတဲ့နေရာရောက်ပြီးနောက် ဟံသာဝတီရွာဘက်ကနေ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်လာကြပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာတွေဟာ ကလေးမြို့နယ် နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် အစပ် ကလေး- ဂန့်ဂေါကားဝန်းကျင်မှာဖြစ်ပါတယ်။

Zawgyi

ကေလးၿမိဳ႕ေတာင္ဘက္ ဒီမနက္ တုိက္ပြဲတြင္ အာဏာသိမ္းစစ္တပ္ ၅ ေယာက္ေသဆံုး

ကေလးၿမိဳ႕နယ္ ၾကံသာေက်းရြာကေန ေျခလ်င္ေလွ်ာက္လာတဲ့ အာဏာသိမ္း စစ္ေကာင္စီတပ္ကို PDF (Kalay) တပ္ဖြဲ႔က ဒီမနက္ ၇ နာရီ ၄၅ အခ်ိန္တြင္ အနီးကပ္ျခံဳခိုတုိက္ခိုက္ရာ အာဏာသိမ္း စစ္တပ္ ၅ ေယာက္ေသဆံုးသြားတယ္လုိ႔ PDF (Kalay)က ထုတ္ျပန္ထားပါတယ္။

တုိက္ခိုက္ခ်ိန္ မိနစ္ ၂၀ သာၾကာျမင့္ၿပီး အထိအခိုက္မရွိပဲ PDF (Kalay) တပ္ဖြဲ႔ေတြျပန္လည္ဆုတ္ခြာၾကပါတယ္။ PDF (Kalay) တပ္ဖြဲ႔ေတြ ေဘးကင္းလံုျခံဳတဲ့ေနရာေရာက္ၿပီးေနာက္ ဟံသာဝတီရြာဘက္ကေန အာဏာသိမ္းစစ္တပ္က လက္နက္ၾကီးေတြနဲ႔ တုိက္ပြဲျဖစ္ရာအနီးဝန္းက်င္ကို ရမ္းသမ္းပစ္ခတ္လာၾကပါတယ္။

တုိက္ပြဲျဖစ္ပြားရာေနရာေတြဟာ ကေလးၿမိဳ႕နယ္ နဲ႔ မေကြးတုိင္း ဂန္႔ေဂါၿမိဳ႕နယ္ အစပ္ ကေလး- ဂန္႔ေဂါကားဝန္းက်င္မွာျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်