ကလေးမြို့နယ်တွင် မိုးကြိုးပစ်၍ ယောက္ခာမနဲ့ သားမက် သေဆုံး

ကလေးမြို့နယ် အရှေ့စည်းကျေးရွာ ယာတောထဲတွင်ဒီနေ့ အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီခွဲလောက်တွင် ယောက္ခမနဲ့ သားမက်ဖြစ်သူဟာ မိုးကြိုးပစ်၍ သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သားမက်ဖြစ်သူ ကိုသန့်ဇင် (၃ဝနှစ်) နဲ့ ယောက္ခမဖြစ်သူ ဦးသိန်းအောင် (၅ဝနှစ်)ဟာ ယာတောထဲ တဲအိမ်ဘေးက ရေမြောင်းတူးနေကြစဉ် မိုးကြိုးပစ်၍ နှစ်ယောက်စလုံး သေဆုံးသွားတယ်လို့ ရွာသားတစ်ဦးထံသတင်းရရှိပါတယ်။

အရှေ့စည်းရွာသားတစ်ဦးက “ယာတောထဲက တဲ အပေါ်မှာ လူ ၅ ယောက်၊ တဲအောက်မှာ လူ ၄ ယောက်ထိုင်ကြတယ်။ တဲရဲ့တဆက်မိက်အောက်မှာ ရေမြောင်းတူးနေတဲ့ ကိုသန့်ဇင်နဲ့ ဘေးမှာထိုင်ကြည့်နေတဲ့ ဦးသိန်းအောင်ကို မိုးကြိုးပစ်တာ။ ပွဲချင်းပဲသေသွားတယ်။ နောက်တစ်ယောက်ကတော့ ထုံတာကျင်တာလောက်ဖြစ်သွားတယ်။ သူတို့အားလုံးက ယာထဲမှာ ပဲစိုက်နေကြတာ။ အလောင်းကိုတော့မနက်ဖြန်မှ သဂြိုလ်မယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့တွင်လည်း ကလေးမြို့နယ် ပေါက်တောကျေးရွာက ကောင်လေးတစ်ယောက်မိုးကြိုးပစ်လို့သေဆုံးသွားတယ်လို့သိရတယ်။

Zawgyi

ကေလးၿမိဳ႕နယ္တြင္ မိုးၾကိဳးပစ္၍ ေယာကၡာမနဲ႔ သားမက္ ေသဆံုး

ကေလးၿမိဳ႕နယ္ အေရွ႕စည္းေက်းရြာ ယာေတာထဲတြင္ဒီေန႔ ေအာက္တုိဘာ ၁၂ ရက္ မနက္ ၁၀ နာရီခြဲေလာက္တြင္ ေယာကၡမနဲ႔ သားမက္ျဖစ္သူဟာ မိုးၾကိဳးပစ္၍ ေသဆံုးသြားတယ္လို႔သတင္းရရွိပါတယ္။

ျဖစ္စဥ္မွာ သားမက္ျဖစ္သူ ကိုသန္႔ဇင္ (၃၀ႏွစ္) နဲ႔ ေယာကၡမျဖစ္သူ ဦးသိန္းေအာင္ (၅၀ႏွစ္)ဟာ ယာေတာထဲ တဲအိမ္ေဘးက ေရေျမာင္းတူးေနၾကစဥ္ မိုးၾကိဳးပစ္၍ ႏွစ္ေယာက္စလံုး ေသဆံုးသြားတယ္လို႔ ရြာသားတစ္ဦးထံသတင္းရရွိပါတယ္။

အေရွ႕စည္းရြာသားတစ္ဦးက “ယာေတာထဲက တဲ အေပၚမွာ လူ ၅ ေယာက္၊ တဲေအာက္မွာ လူ ၄ ေယာက္ထုိင္ၾကတယ္။ တဲရဲ႕တဆက္မိက္ေအာက္မွာ ေရေျမာင္းတူးေနတဲ့ ကိုသန္႔ဇင္နဲ႔ ေဘးမွာထုိင္ၾကည့္ေနတဲ့ ဦးသိန္းေအာင္ကို မိုးၾကိဳးပစ္တာ။ ပြဲခ်င္းပဲေသသြားတယ္။ ေနာက္တစ္ေယာက္ကေတာ့ ထံုတာက်င္တာေလာက္ျဖစ္သြားတယ္။ သူတုိ႔အားလံုးက ယာထဲမွာ ပဲစိုက္ေနၾကတာ။ အေလာင္းကိုေတာ့မနက္ျဖန္မွ သၿဂိဳလ္မယ္” လုိ႔ေျပာပါတယ္။

ေအာက္တုိဘာ ၉ ရက္ေန႔တြင္လည္း ကေလးၿမိဳ႕နယ္ ေပါက္ေတာေက်းရြာက ေကာင္ေလးတစ္ေယာက္မိုးၾကိဳးပစ္လုိ႔ေသဆံုးသြားတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်