ချင်းအများပိုင်ကုမ္ပဏီ BOD အဖွဲ့ရွေးချယ်ပြီးနောက် ရှယ်ယာရောင်းမည်

ချင်းအများပိုင်ကုမ္ပဏီ၏ Board of Director(BOD) အဖွဲ့ကို မေလ(၅)ရက်တွင်ရွေးချယ်မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ရှယ်ယာရောင်းမည်ဖြစ်သည်။

ဧပြီ(၂၈)ရက် UMFCCIရုံးတွင်ကျင်းပသည့်အစည်းအဝေးတွင် ကုမ္မဏီမူဝါဒနှင့်စည်းမျဉ်းစည်းကမ်းများချမှတ်ခဲ့ သည်။

“ဘုတ်အဖွဲ့(၁၅)ဦးအရင်ရွေးချယ်ပြီးတော့ ဥက္ကဌ၊ CEO တွေခန့်ပြီးမှ ရှယ်ယာစဖွင့်တော့မယ်။ ရှယ်ယာကို အနည်းဆုံး သိန်း (၃၀)နဲ့ ပထမဆုံးစရောင်းမယ်။ ရှယ်ယာဝယ်မယ်ဆိုရင် လျှောက်လွှာကိုရုံးမှာ အရင်လာဖြည့်ရမယ်။ ဘာဖြစ်လို့လဲဆိုရင် ရှယ်ယာ certificate လည်ရှိမယ်”ဟု ချင်းအများပိုင်ကုမ္ပဏီ စည်းရုံးရေးဥက္ကဌ ဒေါက်တာရွှေဟိန်းကပြောသည်။

ဘုတ်အဖွဲ့ဝင်ဖြစ်ရန် အကျင့်စာရိတ္တကောင်းမွန်သူ၊ စီးပွားရေးကျွမ်းကျင်သူ၊ အတွေ့အကြုံရှိသူ၊ ရှယ်ယာအနည်းဆုံး သိန်း ၅၀၀ ဝယ်ယူထားသူ စသည်တို့ပါဝင်သည်။

ချင်းအများပိုင်ကုမ္ပဏီရဲ့ မေလ(၅)ရက်နေ့ BOD ရွေးချယ်ပွဲကို ရန်ကုန်မြို့ ခဝဲခြံရှိ Lai Baptist Church ခန်းမတွင် ညနေ ၄နာရီမှစတင်၍ အစည်းအဝေးကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းများ

ဒေါ်လာ၁၂သန်းကြောင့် အမေရိကန်ထောက်ပို့ကို CNA/CNF လုပ်ကြံအစ​ဖျောက်ဆိုတဲ့ သတင်းအမှား

မေ ၁၊ ၂၀၂၅။ Zalen အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ ချင်းပြည်ကောင်စီ အမေရိကန်ထောက်ပို့ Pu Van Uk Cung ကို ဒေါ်လာ ၁၂ သန်းကြောင့် CNF/CNA ကလုပ်ကြံ အစဖျောက်ဆိုတဲ့ သတင်းကို နေပြည်တော်အမည်ရှိ ...

ဆက်ဖတ်ရန်