ချင်းပြည်နယ် ဝဥလွှာခြောက်တွေ တရုတ်နိုင်ငံသို့ တစ်နှစ် တန်ချိန် ၅၀၀ ကျော်တင်ပို့ရန် စာချုပ်ချုပ်ဆို

ချင်းပြည်နယ် ဝဥလွှာခြောက်တွေ တရုတ်နိုင်ငံသို့ တစ်နှစ် တန်ချိန် ၅၀၀ ကျော်တင်ပို့ရန် စာချုပ်ချုပ်ဆို

ချင်းပြည်နယ်ရှိ ဝဥလွှာခြောက်တွေကို တရုတ်နိုင်ငံသို့ တစ်နှစ် အနည်းဆုံး တန်ချိန် ၅၀၀ ကျော်တင်ပို့ရန် ဇွန်လ (၁၂)ရက်တွင် စာချုပ်ချုပ်ဆိုကြပါတယ်။

တရုတ်နိုင်ငံ ကူမင်းမြို့မှာ ချင်းတောင်ရတနာကုမ္ပဏီ နဲ့ တရုတ်ပြည်က အကြီးဆုံး ဝဥ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sichuan Newstar Konjac ကုမ္ပဏီတို့နဲ့ နည်းပညာ သုသေသန ကူးသန်းရောင်းဝယ်မှု စာချုပ်ချုပ်ဆိုကြပါတယ်။

ချင်းတောင်ရတနာကုမ္ပဏီအတွင်းရေးမှူး ဒေါ်ဆန္ဒာမျိုးက “တစ်နှစ်လျှင် ဝဥ လွှာခြောက် အနည်းဆုံး တန် ၅၀၀ နှင့်အထက် တင်ပို့ရောင်းပေးရမှာဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်မှုတန်ဘိုးက တစ်နှစ်ကို ဒေါ်လာ ၅ သန်း နီးပါး ရှိပါမယ်။ အရည်အသွေးမြင့် ဝဥ လွှာခြောက် ထုတ်လုပ်ဖို့ စက်ရုံကိုလည်း မင်းတပ်မြို့နယ်ထဲမှာတည်ဆောက်နေပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုဟာ ချင်းပြည်နယ်ရဲ့ ဝဥ တောင်သူတွေ ကိုယ်တိုင်ရဲ့ စုစည်းထည့်ဝင်ငွေတွေနဲ့ စတင်လည်ပါတ်နေတာဖြစ်ပါတယ်။ အချိန်တိုအတွင်း ရုန်းကန်ထိုးဖောက်တက်လာနိုင်တဲ့ ချင်းပြည်နယ်မှ တောင်သူလုပ်ငန်းရှင်များအတွက် အထူးဂုဏ်ယူမိပါတယ်” လို့ ၎င်းလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားပါတယ်။

Zalen ad

ချင်းတောင်ရတနာကုမ္ပဏီတည်ဆောက်နေတဲ့ ဝဥစက်ရုံဟာ ဒီနှစ် အောက်တိုဘာလမှာ ဖွင့်လှစ်နိုင်ဖို့ကြိုးစားနေပါတယ်။

နောက်ဆုံးရသတင်းများ

“အရေးကြီးပြီ” တော်လှန်ရေးသီချင်းကို စစ်တပ်က စာသားပြင်ပြီး ဝါဒဖြန့်မှု ဝေဖန်ရှုတ်ချခံနေရ

မေ ၂၆၊ ၂၀၂၆ Zalen စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ လူထုအမြဲ သီဆိုလေ့ရှိတဲ့ သမိုင်းဝင် တော်လှန်ရေးတေးသီချင်း “အရေးကြီးပြီ” ကို အာဏာသိမ်းစစ်တပ်က “စစ်သားသွေးနီ ရှေ့သို့ချီ” ဆိုပြီး အမည်ပြောင်းလဲ ကူးယူကာ စစ်တပ်ပိုင် မြဝတီရုပ်သံလိုင်း ...

ဆက်ဖတ်ရန်