ချင်းပြည်နယ်မှာ ၄၈ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး မိုးကြိုးအန္တရာယ် သတိပြုရန်လိုအပ်

ဧပြီ ၂၈၊ ၂၀၂၆
Zalen

ဒီနေ့ ဧပြီလ ၂၈ ရက်နေ့မှစတင်ပြီး နောက် ၄၈ နာရီအတွင်း ချင်းပြည်နယ်တဝန်းမှာ မိုးရွာသွန်းမှု အားကောင်းလာနိုင်ပြီး ဒေသတချို့မှာ ကွက်ကြားမိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေအရ သိရှိရပါတယ်။

အထူးသဖြင့် ချင်းပြည်နယ်ရဲ့ တောင်တန်းဒေသတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှု အားကောင်းနိုင်တဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ သဘာဝဘေးအန္တရာယ်တွေကိုပါ ကြိုတင်သတိထားကြရန် တိုက်တွန်းထားပါတယ်။

Zalen ad

အဲဒီ မိုးရွာသွန်းမှုဖြစ်စဉ်အတွင်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်းနဲ့ လျှပ်စီးလက်ခြင်းတွေ ဖြစ်ပေါ်နိုင်တဲ့အပြင် အန္တရာယ်ရှိသော မိုးကြိုးပစ်ခြင်း ဖြစ်စဉ်လည်း ကြုံတွေ့ရနိုင်ပါတယ်။

ဒါ့ကြောင့် မိုးသက်လေပြင်း ကျရောက်နေစဉ်အတွင်း ပြည်သူများအနေဖြင့် လျှပ်စစ်ပစ္စည်းတွေနဲ့ မိုဘိုင်းဖုန်း (Mobile Phone) အသုံးပြုခြင်းတွေကို တတ်နိုင်သမျှ လျှော့ချကြရန်နဲ့ ဘေးကင်းရာမှာ နေထိုင်ကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

ချင်းပြည်နယ်အပြင် အိမ်နီးချင်း ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့မှာလည်း မိုးရွာသွန်းနိုင်ခြေရှိပါတယ်။

တောင်ကျစမ်းချောင်းများအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ အနေဖြင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုအန္တရာယ်များကိုပါ ဂရုပြုသင့်ပါတယ်။

ရာသီဥတုအကူးအပြောင်းကာလ ဖြစ်သည်နဲ့အညီ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာကြပါဖို့ အကြံပြုအပ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်