စကစရဲ့ ဝေဘူလစစ်ကြောင်းတွင်း ZRA လို့ယူဆရတဲ့ တခြားဝတ်စုံဝတ်ထားတဲ့လူတွေပါဝင်ဟုဆို

ကလေးမြို့နယ် နတ်ချောင်းကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့သို့စစ်ကြောင်းတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ထဲမှာ ချင်း (တီးတိန်)စကားပြောပြီး အခြားဝတ်စုံဝတ်ထားတဲ့ လူတစ်စုပါဝင်နေတယ်လို့ CNDF တပ်ဖွဲ့ထံမှသတင်းရရှိပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျနော်တို့ ရဲဘော်တွေက စကစတပ်ထဲမှာ တီးတိန်စကားပြောတဲ့လူတွေလည်းပါတယ်တဲ့။ ပြီးတော့ သူတို့က စကစတပ်ဝတ်စုံမဝတ်ပဲ တခြားဝတ်စုံဝတ်ထားတယ်။ အချင်းချင်း တီးတိန်လိုပြောကြတယ်ဆိုတော့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲရှိမှာမဟုတ်ဘူး” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ် စစ်ကြောင်းနဲ့ပါလာတဲ့ တခြားအဖွဲ့တွေဟာ ZRA အဖွဲ့တွေလို့ယူဆရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ယူဆကြပါတယ်။

ဝေဘူလမြို့ဘက်ကနေ တက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အင်အား ၂၀၀ လောက်ရှိပြီး ဒီနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၃ နာရီက လိုကြွမ် (Locom khua) ရွာအနီးတွင် CNDF တပ်ဖွဲ့ထောင်ထားတဲ့ မိုင်းတစ်လုံးနင်းမိတယ်လို့သိရတယ်။ ဒါကြောင့် ဒီမနက်ပိုင်းမှာ ဗားရ်တံတားမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက ဗုံးပေါက်ကွဲတဲ့နေရာဘက်သို့ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်ကြပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ အခြေစိုက်တဲ့ အိန္ဒိယအစိုးရကိုတော်လှန်တဲ့ ZRA, PLA (ကသည်းတပ်ဖွဲ့)တွေဟာ သန်းရွှေခေတ်ကတည်းက စစ်တပ်နဲ့ ဆက်ဆံရေးကောင်းရှိခဲ့ကြလို့ မြန်မာဘက်ခြမ်းမှာ သွားလာလှုပ်ရှားနိုင်ကြပါတယ်။

Zawgyi







နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်