စားသုံးသူတွေသဘောကျရင် ချင်းကော်ဖီဝိုင်ဆက်ထုတ်မယ်

ချင်းကော်ဖီနဲ့လုပ်ထားတဲ့ ကော်ဖီဝိုင်ကို မင်းတပ်မြို့မှာ ချင်းလူငယ် စွန့်ဦးတီထွင်သူ ဆလိုင်းမာဟုန်းက အခု အစမ်းသဘောထုတ်လုပ်နေပါတယ်။

ကော်ဖီကိုအမှုန့်ကြိတ်ပြီး အရည်စစ်ကာ သကြားနဲ့ ဝိုင်လုပ်ထားတာပါ။ အခု ဝိုင်ကပုလင်း အလုံး(၃၀)သာအစမ်းသဘောထုတ်နေပါတယ်။

Photo: Mar Hung

ကော်ဖီဝိုင်ထုတ်လုပ်သူ ဆလိုင်းမာဟုန်းက “စားသုံးတဲ့သူတွေကြိုက်တယ်ဆိုရင် နောက်ထပ်အများကြီးထုတ်လို့ရပါတယ်။ ဘေးန္တရာယ်ဆိုးကျိုးလည်းတအားကြီးမဖြစ်ဘူး။ သောက်သုံးတဲ့ခါ ကျန်းမာရေးထိခိုက်မှုမရှိဘူး။ ပိုးပြန်သတ်တော့ ဝမ်းလျှောမှုမဖြစ်အောင် ပိုးပြန်သတ်ပေးတယ်။ ကော်ဖီဝိုင်ထဲမှာ ကော်ဖီနံ့လည်းပါတယ်။ အခါးသက်သက်ပါတယ်။ အခုက အရသာအစစ်အမှန်မပေါ်သေးဘူး။ ခုလောလောဆယ် အစမ်းသဘောထုတ်ကြည့်တယ်။ စမ်းသောက်ကြည့်တဲ့သူတွေလည်းမများသေးဘူး။ တကယ်လို့သောက်တဲ့သူတွေက ကောင်းတယ်ဆိုရင် ဆက်ထုတ်မယ်ပေါ့။ မကောင်းဘူး ခံတွင်းမတွေ့ဘူးဆိုရင် အခြေအနေကြည့်ရမှာပေါ့”လို့ဆိုပါတယ်။

ကော်ဖီဝိုင်ဟာ တစ်ပုလင်း ကျပ်ငါးထောင်နဲ့ရောင်းချနေပါတယ်။ ပုလင်းဒီဇိုင်းကိုလည်း ၎င်းစိတ်ကြိုက်မှာယူထားတာဖြစ်ပါတယ်။ ဆလိုင်းမာဟုန်းဟာ Hornbill Chin Coffee ထုတ်လုပ်တဲ့သူလည်းဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်