တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အလွတ်ကျက်ဖြေစနစ်ကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ ဖြေဆိုတဲ့စနစ်သို့ပြောင်းမယ်

၂၀၁၉ ခုနှစ်ကစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အလွတ်ကျက်ဖြေဆိုတဲ့ စနစ်ကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ဖြေဆိုတဲ့ စနစ်သို့ပြောင်းလဲတော့မယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကဆိုပါတယ်။

“အခု ၂၀၁၉ ကစပြီးတော့မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကလည်းပဲ အရင်တုန်းကလို အလွတ်ကျက်ဖြေတဲ့နေရာကနေ တွေးခေါ်မြော်မြင်မှုသဘောတရားနဲ့ ဖြေတဲ့စနစ်တွေကိုစပြောင်းပါမယ်။ တွေးခေါ်မြော်မြင်မှုနဲ့ဖြေတဲ့အခါမှာ ကျောင်းစာအုပ်ထဲကသင်ရိုးညွှန်းတမ်းပါ ကျောင်းစာအုပ်ထဲကစာနဲ့မလုံလောက်တော့ပါဘူး။ ဆက်စပ်နေတဲ့ ဘာသာရပ်ဆိုင်ရာအကြောင်းအရာတွေအရ စာကြည့်တိုက်ကို လာရပါတော့မယ်။ စာကြည့်တိုက်မှာ ကိုယ့်ဟာကိုယ်ရှာဖွေလေ့လာရပါမယ်။ လုပ်ပြီးတော့မှ အတွေးအခေါ်၊ အမြော်အမြင်နဲ့ ကိုယ်ပိုင်သုံးသပ်ချက်နဲ့ ဖြေတာကို ကျယ်ကျယ်ပြန့်ပြန့်ဖြေနိုင်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ အလွတ်ကျက်ပညာရေးစနစ်ကနေ ရုန်းထွက်ပြီးတော့မှ ကျောင်းသားအခြေပြုတဲ့၊ သုတေသီတွေအခြေပြုတဲ့ ပညာရေးစနစ်ကိုတက်လှမ်းတဲ့အခါမှာ ဟန်ချက်ညီအထောက်အကူပြုနိုင်ဖို့အတွက်ကို ယနေ့စာကြည့်တိုက်ညီလာခံကျင်းပနိုင်ခြင်းဟာ သမိုင်းဝင်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်”လို ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကဆိုပါတယ်။

မေလ (၃)ရက်က နေပြည်တော်မှာကျင်းပတဲ့ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံအပြီးတွင် သတင်းမီဒီယာများရဲ့ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်းပြန်လည်ဖြေကြားတာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်